ချေမှုန်းခဲ့

February 9, 2020

နှစ်ရက်အတွင်း စစ်သွေးကြွ ၃၀ ကျော်ကို ချေမှုန်းခဲ့ဟု ပြင်သစ်စစ်တပ်ပြော

မာလီနိုင်ငံမှာ ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်က လုပ်ခဲ့တဲ့ စစ်ဆင်ရေး သုံးရပ်အတွင်း အစ္စလာမ္မစ် စစ်သွေးကြွ အယောက် ၃၀ ကျော်ကို သုတ်သင်ချေမှုန်းနိုင်ခဲ့တယ်လို့ ပြင်သစ် စစ်တပ်က ပြောပါတယ်။ ပြင်သစ်စစ်သားတွေဟာ မာလီနိုင်ငံထဲက အယ်လ်ကိုင်းဒါးတွေနဲ့ အိုင်အက်စ် စစ်သွေးကြွတွေ ချိတ်ဆက်ထားတဲ့ အုပ်စုတွေကို ပစ်မှတ်ထားခဲ့တယ်။ ဂူမာဒေသအတွင်း ပြင်သစ်စစ်တပ်က စစ်သွေးကြွအယောက် ၂၀ လောက်ကို သတ်ပြီး ကားစီးရေ တော်တော်များများကို ဖျက်ဆီးခဲ့ပါတယ်။ လစ်ပ်တာကို ဒေသထဲက အိုင်အက်စ်တွေရဲ့ ခြေကုပ်စခန်းမှာ နောက်ထပ် စစ်သွေးကြွ ၁၀ ယောက်လောက်ကို သုတ်သင်ခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။ ဆာဟဲလ်ဒေသအတွင်း စစ်သွေးကြွတွေနဲ့ တိုက်ပွဲမှာ နောက်ထပ် စစ်သားအယောက် ၆၀၀ ကျော်ကို တပ်ချဖို့ စီစဉ်ထားတယ်လို့ ပြင်သစ်အစိုးရက ဖေဖော်ဝါရီ ၂ ရက်မှာ ပြောပါတယ်။ ဒီဒေသဟာ ဆာဟာရကန္တာရတောင်ပိုင်း အနောက်အာဖရိကဒေသထဲက ပူပြင်း ခြောက်သွေ့တဲ့နေရာပါ။ မာလီ၊ ဘာကီနာဖာဆိုနဲ့ နိုက်ဂျာနိုင်ငံတွေကြားက ဒေသထဲကို တပ်ကူအများစု စေလွှတ်မှာ ဖြစ်ပါတယ်။ ပြင်သစ်ဟာ အနောက်အာဖရိကနိုင်ငံတွေအတွင်း ကိုလိုနီသြဇာရှင်ဟောင်းဖြစ်ပြီး ဒေသတွင်း အကြမ်းဖက်တိုက်ဖျက်ရေးတပ်အနေနဲ့ စစ်သည်အင်အား ၄၅၀၀ လောက်ကို တပ်ချထားပါတယ်။
1 year Ago
Up