ချေပဂိုး

December 6, 2020

ယူနိုက်တက်အသင်း၏ ချေပဂိုးကို လုံးဝခွင့်မပြုသင့်ဟု မိုယက်ပေါက်ကွဲ (ရုပ်သံဟိုက်လိုက်)

စနေနေ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်း ရရှိသွားတဲ့ ချေပဂိုးကို လုံးဝခွင့်မပြုသင့်ဘူးလို့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်က ပြောပါတယ်။  ဒီပွဲမှာမိုယက်ရဲ့ ဝက်စ်ဟမ်းအသင်းဟာ သောမတ်စ်ဆိုဆတ် ရဲ့သွင်းဂိုးနဲ့ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်ဒုတိယပိုင်းမှာတော့ ပေါ့ဘာက ဧရိယာပြင်ပကနေ ကန်ချက်နဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။  ဒါပေမယ့် ဒီဂိုးကို VAR နဲ့ပြန်လည်စစ်ဆေးခဲ့ရပါတယ်။ ပေါ့ဘာ ဂိုးမသွင်းခင် ယူနိုက်တက်ဂိုးသမား ဟန်ဒါဆန်ကန်တင်လိုက်တဲ့ ဘောလုံးဟာ ကွင်းဘေးစည်းကို ကျော်သွားခဲ့ ပုံရပြီး VAR နဲ့ပြန်လည်စစ်ဆေးမှုပြီးမှာတော့ ဒိုင်ကဒီဂိုးကို ခွင့်ပြုပေးခဲ့ပါတယ်။  ချေပဂိုးရရှိပြီးတော့ ယူနိုက်တက်အသင်းဘက်က ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်တို့က အနိုင်ဂိုးတွေ ထပ်မံသွင်းယူခဲ့ပြီးပွဲအပြီးမှာ ယူနိုက်တက်အသင်းဟာ ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။  ဒီပွဲမှာ အိမ်ရှင်ဝက်စ်ဟမ်းအသင်းဟာ ပေါ့ဘာရဲ့ချေပဂိုးကို ခွင့်မပြုရခင် ဦးဆောင်ဂိုးထပ်မံရရှိမယ့် အခွင့်အရေးတွေ ရှိခဲ့ပေမယ့် ပေါ့ဘာရဲ့ချေပ ဂိုးကို ခွင့်ပြုပေးလိုက်ရပြီးချိန်မှာတော့ ယူနိုက်တက်အသင်းရဲ့ဖိအားပေးမှုတွေ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။  “ကျနော်တို့ ဒီညပွဲမှာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့ရတဲ့တစ်ခုတည်းသော အ ကြေင်းပြချက်ကတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပါတယ်။ ဘောလုံးဟာ ဘေးစည်းကိုကျော်ပြီး ကျနော့်ခေါင်းပေါ်ကနေ ဖြတ်သွားခဲ့တာပါ။ ဒီအခြေနေကို ကျနော်ရှိနေတဲ့နေရာကနေ ကျနော့်ထက်ပိုပြီး  ကောင်းကောင်းမြင်နိုင်တဲ့လူ မရှိပါဘူး၊ စည်းကြပ်ဒိုင်ကတော့ ဒါကိုသူမမြင်ဘူးလို့ ပြောပါတယ်။ ဒါဟာ တကယ့်ကို အသုံးမကျတဲ့ ဆုံးဖြတ်ချက်ပါ။ ဘောလုံးဟာ ဘေးထွက်ဘောဖြစ်သွားပါတယ်။ ကစားသမားတွေရဲ့ အမူအယာကိုကြည့်ရင် ဒါကို သိနိုင်ပါတယ်။ ကစားသမားတိုင်းကလည်း ဒါကိုဘေးထွက်ဘောလို့ မှတ်ယူခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဂိုးကို ခွင့်ပြုပေးလိုက်ရပါတယ်။ ဒါဟာ တကယ်ကို ဆိုးရွားတဲ့ခံစားချက်ပါ။ ကျနော်တို့ ပရိသတ်တွေကို မိနစ် ၆၀ အထိ စွမ်း  ဆောင်ရည်ကောင်းပြသနိုင်ခဲ့ပေမယ့် ရလဒ်မကောင်းခဲ့တာအတွက်တော့ စိတ်ပျက်မိပါတယ်။ ကျနော်တို့ စည်းကြပ်ဒိုင်ချမှတ်ခဲ့တဲ့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ကြောင့် တော်တော်လေး တုန်လှုပ်ခဲ့ရပါတယ်” လို့ မိုယတ်က  ပြောပါတယ်။
4 months Ago
Up