ချေချင်းအမျိုးသား

October 12, 2019

အစ်မ မင်္ဂလာဆောင်တွင် ငိုမိသည့် ချေချင်းအမျိုးသား လူသိရှင်ကြား ပြန်တောင်းပန်

ယောကျ်ားဆန်မှုဟာ ချေချင်းအမျိုးသားတွေရဲ့ အမှတ်လက္ခဏာတခုဖြစ်ပြီးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေ အမြဲထိန်းသိမ်းထားလိုတဲ့ အရာဖြစ်ပါတယ်။ ဒီအရာကို မထိန်းသိမ်းတဲ့လူဟာ သူတို့လူ့အဖွဲ့အစည်းမှာ ရှုတ်ချခံရပြီးတော့ လူသိရှင်ကြားတောင်းပန်မှုပါ ပြုလုပ်ရမှာဖြစ်ပါတယ်။  ချေချင်းလူငယ်တဦးဟာလည်း ဒီဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီလူငယ်ဟာ သူ့အစ်မမင်္ဂလာဆောင်ကို တက်ရောက်ခဲ့ပြီးတော့ မင်္ဂလာပွဲမှာ အစ်မတယောက်ကို ဆုံးရှုံးရတဲ့ မောင်တယောက်အနေနဲ့ ဝမ်းနည်း မျက်ရည်ကျခဲ့ပါတယ်။  ဒီလိုမျက်ရည်ကျနေတဲ့ အခိုက်အတန့်ဟာ ဗွီဒီယိုရိုက်ကူးမှုမှာပါဝင်ခဲ့ပြီးတော့ နောက် ပိုင်းမှာလည်း ဒီဗွီဒီယိုဖိုင်ဟာ အင်တာနက်ပေါ်မှာပျံ့နှံ့သွားခဲ့ပါတယ်။  ဒီလူငယ်လေးရဲ့ ခံစားချက်အပေါ် မထိန်းချုပ်နိုင်စွမ်းကို ချေချင်းအမျိုးသားတွေက စိတ်ဆိုးဒေါသထွက်ခဲ့ကြပြီး အမျိုးသားခေါင်းဆောင်ဖြစ်တဲ့ ရမ်ဇန်ကာဒီရော့ဗ်ကလည်း ချေချင်းတွေရဲ့ ရိုးရာနဲ့ အစဉ်အလာကိုဖောက်ဖျက်မှုအတွက် ဒီလူငယ်လေးကို ဝေဖန်အပြစ် တင်ခဲ့ပါတယ်။  ဒီလိုမျိုးဝေဖန်မှုတွေ ရှိလာတာကြောင့် ဒီလူငယ်လေးဟာ လူသိရှင်ကြားတောင်းပန်ခဲ့ရပြီး ဒီဖြစ်ရပ်က ချေချင်းလူ့အဖွဲ့အစည်းအတွင်းမှာ အချေတင် ငြင်းခုန်ဆွေးနွေးမှုတွေကို ဖြစ်စေပါတယ်။  ချေချင်းတွေရဲ့ ထုံးစံအရ လူငယ်အမျိုးသားတွေဟာ အစ်မတွေရဲ့မင်္ဂလာပွဲကို မတက်ရောက်ရပါဘူး။  မင်္ဂလာပွဲကို တက်ရောက်ခဲ့ရုံတင်မဟုတ်ဘဲ ငိုကြွေးခဲ့တဲ့ ဒီအမျိုးသားငယ်လေးဟာ ရမ်ဇမ်ကာဒီရော့ဗ်ကို တောင်းပန်တဲ့ ဗွီဒီယိုဖိုင်ထုတ်ပြန်ခဲ့ရပြီး အင်စတာဂရမ်ပေါ်ရောက်ရှိလာတဲ့ ဗွီဒီယိုဖိုင်မှာ အစ်မင်္ဂလာပွဲကို တက်ရောက်ခဲ့ခြင်း၊ ခံစားချက်ကို မထိန်းချုပ်နိုင်ခြင်းစတဲ့ ချေချင်းလူမျိုးတွေရဲ့ အစဉ်လာတွေကို ဖောက်ဖျက်မှုကို တောင်းပန်ကြောင်း ပြောဆိုထားတာ တွေ့ရပါတယ်။  “မင်္ဂလာပွဲကိုမတက်ရဆိုတဲ့ တရားဝင်ဥပဒေထုတ်ပြန်ထားခြင်းမျိုးမရှိပေမယ့် ဒီလူ ငယ်လေးရဲ့ လုပ်ရပ်က လက်မခံနိုင်စရာပါပဲ” လို့လည်း ဒီဗွီဒီယိုဖိုင်မှာ ရေးသားထားပါတယ်။  “အစ်မဖြစ်သူကို အဆုံးရှုံးမခံနိုင်တာကြောင့် ငိုမိခဲ့တာ” လို့ဒီလူငယ်လေးက သူ့ဗွီဒီယိုဖိုင်မှာ ပြန်လည်ရှင်းလင်းခဲ့ရတာကိုလည်း  တွေ့ရပါတယ်။  လူမျိုးစုတစုရဲ့ ရှုပ်ထွေးတဲ့ ထုံးတမ်းအစဉ်အလာတခုဖြစ်ပေမယ့် ရမ်ဇမ်ကာဒီရော့နဲ့ တခြားချေချင်း လူမျိုးတွေရဲ့လုပ်ရပ်ဟာ ထုံးတမ်းအစဉ်အလာတွေကိုအသုံးချပြီး နိုင်ငံရေးအရ အဖြတ်ထုတ်တာလို့ ချေချင်းလူမျိုးတချို့က ယူဆနေကြပြီး ဒီကောင်လေးကို အတင်းအကြပ် တောင်းပန်ခိုင်းတာက အနိုင်ကျင့်တာဖြစ်တာလို့ သူတို့က ရှုမြင်နေကြပါတယ်။
2 years Ago
Up