ချီးကျူး

October 23, 2022

တိုက်စစ်မှူး ဟာလန်းခြေစွမ်းပြမှု အစပဲရှိသေးဟု ဒီဘရိုင်းချီးကျူး

တိုက်စစ်မှူးဟာလန်း ခြေစွမ်းပြနေခြင်းဟာ အစပဲရှိသေးကြောင်း အသင်းဖော်ဒီဘရိုင်းက ချီးကျူး ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာလန်းဟာ မနေ့ညက ကစားခဲ့တဲ့ဘရိုက်တန်နဲ့ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၁၇ ဂိုးအထိ စံချိန်တင်သွင်းယူထားတာပါ။

ဟာလန်းဟာ ပြိုင်ပွဲစုံမှာ အိမ်ကွင်း ၇ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းလည်းရခဲ့ပြီး ၂၀၁၈ ခုနှစ်က အဂွဲရိုးသွင်းယူနိုင်ခဲ့ပြီးနောက် အိမ်ကွင်း ၇ ပွဲဆက်ဂိုးသွင်းခဲ့တဲ့ ပထမဆုံး မန်စီးတီးကစားသမား ဖြစ်လာခဲ့တာပါ။

အသင်းဖော်ဒီဘရိုင်းကတော့ ဟာလန်းဟာ ဂိုးတွေသွင်းယူဖို့ အသင်းကိုရောက်လာခဲ့တာဖြစ်ပြီး သူခြေစွမ်းပြသနိုင်မှုဟာ အစပဲရှိသေးပြီး နောက်ထပ်ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေရရှိလာဦးမယ်လို့ ချီးကျူးပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာကလည်း ဟာလန်းဟာ မယုံကြည်နိုင်စရာ ကောင်းပြီး ထူးချွန်တဲ့ တိုက်စစ်မှူးဖြစ်ကြောင်း၊ အတူလက်တွဲလာခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။ 

3 months Ago

September 23, 2022

အင်္ဂလန်အသင်းကို ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဟု အီတလီနည်းပြမန်ချီနီ ချီးကျူး

အင်္ဂလန်လက်ရွေးစင်အသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်ကြောင်း အီတလီနည်းပြ မန်ချီနီကချီးကျူးပြောပါတယ်။

အင်္ဂလန်နဲ့ အီတလီတို့ဟာ ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲစဉ်အဖြစ် စက်တင်ဘာ ၂၄ ရက်မှာ အီတလီနိုင်ငံမှာ ယှဉ်ပြိုင်ကစားကြမှာပါ။

အဲဒီပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာတော့ အင်္ဂလန်အသင်းရဲ့ခြေစွမ်းကို အီတလီနည်းပြမန်ချီနီက ချီးကျူးခဲ့ပြီး တိုက်စစ်ပိုင်းမှာ ပါရမီရှင် ကစားသမားတွေရှိကြောင်း ပြောသွားပါတယ်။

“အင်္ဂလန်ကကမ္ဘာ့အကောင်းဆုံးအသင်း တစ်သင်းလို့ မြင်ပါတယ်။ သူတို့မှာ ပါရမီရှင် ကစားသမားတွေ ပြည့်နှက်နေတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းမှာပေါ့။ ဟာရီကိန်းဆိုရင် သာမန်ထက်ပိုတဲ့စွမ်းရည်ရှိသူဖြစ်သလို လူငယ် တိုက်စစ်ကစားသမားတွေကလည်း တမျိုး ကောင်းတယ်။ ကျနော်တို့အတွက်ခက်ခဲတဲ့ပွဲပါပဲ”လို့ နည်းပြမန်ချီနီက ပြောပါတယ်။

အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ်မှာအုပ်စု ၄ ပွဲအပြီးမှာ ၂ ပွဲသရေ ၂ ပွဲရူံးရလဒ်နဲ့ အောက်ဆုံးရောက်နေပြီး လက်ကျန် ၂ ပွဲ မှာ နိုင်ပွဲရရှိဖိုလိုအပ်နေပါတယ်။ 

4 months Ago
More News
Up