ချီလီရဲ

A d v e r t i s e m e n t With Us

April 2, 2020

ဆေးရုံမှထွက်ပြေးသည့် ကိုရိုနာဗိုင်းရပ်စ်လူနာအမျိုးသမီးကို ချီလီရဲတပ်ဖွဲ့ ဖမ်းဆီး

ချီလီနိုင်ငံမှာ ဧပြီ ၁ ရက်က ဆေးရုံကနေ ထွက်ပြေးသွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ ၁ ဦးကို  ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ မြို့တော် ဆန်တီယောဂို အနောက်တောင်ပိုင်း ကွန်ဆပ်ပီယွန်မြို့မှာ ဗိုင်းရပ်စ်ပိုးရှိသူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို ရဲတွေက ဝိုင်းဝန်း ဖမ်းဆီးခဲ့တာပါ။  မတ်လ ၃၁ ရက်က သူဟာ ဗိုင်းရပ်စ်လက္ခဏာတွေနဲ့ ဆေးရုံရောက်လာခဲ့ပြီး ဆေးစစ်ကြည့်ရာ သူ့မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပါတယ်။    အဲဒီနောက် လူနာထွက်ပြေးကြောင်း  ဆေးရုံက သတင်းပို့ခဲ့တာကြောင့် ချီလီရဲတပ်ဖွဲ့က  လိုက်ရှာရာ ဈေးတခုမှာ လူနာအမျိုးသမီးကို တွေ့ခဲ့ပြီး  လူနာက လိုက်ဖမ်းတဲ့ ရဲတွေကို ရေတွေနဲ့ ပက်ပြီး တံတွေးနဲ့ ထွေးခဲ့တယ်လို့ သိရပါတယ်။ လူနာအမျိုးသမီးက လူတွေကို “အနားမကပ်နဲ့” ဆိုပြီး ပြောခဲ့တယ်လို့လည်း ဈေးဆိုင်ပိုင်ရှင် တဦးက ပြောပါတယ်။    အဲဒီနောက်  ဖမ်းမိတဲ့ လူနာကို ရဲတွေက  ဆေးရုံကို ထပ်မံ လွှဲပေးခဲ့ပြီး  အဲဒီဈေးက ဆိုင်တွေ အားလုံးပိတ်ပစ်ဖို့  အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့ပါတယ်။ 
11 months Ago
Up