ချီလီနီ

A d v e r t i s e m e n t With Us

May 23, 2020

ပခုံး အကိုက်ခံခဲ့ရပေမယ့် ဆွာရက်ဇ်၏ အပြုအမူကို ချီလီနီ ချီးကျူး

၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ပခုံး အကိုက်ခံခဲ့ရပေမယ့် တိုက်စစ်မှူးဆွာရက်ဇ်ကို ချီးကျူးတယ်လို့ အီတလီ နောက်ခံလူ ချီလီနီက ပြောပါတယ်။  အီတလီနဲ့ ဥရုဂွေးတို့ ကစားခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာ ဆွာရက်ဇ်က ချီလီနီရဲ့ ပခုံးကို ကိုက်ခဲ့ပါတယ်။  ပွဲချိန်အတွင်းမှာ ဒိုင်လူကြီးက အရေးမယူခဲ့ပေမယ့် ပွဲပြီးလို့ ပြန်လည်စစ်ဆေးပြီးနောက် ဆွာရက်ဇ်ကိုလည်း ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။  Lo Giorgio ဆိုတဲ့ စာအုပ်မှာတော့ ချီလီနီက အဲဒီအချိန်တုန်းက အဖြစ်အပျက်ကို ပြန်လည် ရေးသားထားပြီး ပခုံးအကိုက်ခံခဲ့ရပေမယ့် ဆွာရက်ဇ်အပေါ် အပြစ်မတင်ကြောင်း ဆိုခဲ့တာပါ။  ရန်ငြိုးထားမှုဆိုတာ ဘောလုံးရဲ့ စိတ်အပိုင်းတခုဖြစ်ပြီး တရားမဝင်ဘူးလို့ မပြောလိုကြောင်း၊ ဆွာရက်ဇ်အနေနဲ့ အဲဒီပွဲတုန်းကလို ဉာဏ်နီဉာဏ်နက် မရှိခဲ့ဘူးဆိုရင် အခုလို ထိပ်တန်တိုက်စစ်မှူးတဦးဖြစ်လာမှာ မဟုတ်ကြောင်း ချီလီနီကပြောပါတယ်။  အီတလီအသင်းဟာ အဲဒီပွဲမှာ ဥရုဂွေးကို ၁ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။
10 months Ago

April 25, 2020

ချီလီနီ၊ ရာမို့စ်နှင့် ဗန်ဒိုက်တို့က အကောင်းဆုံးနောက်ခံလူများဖြစ်ဟု မိုရာတာ သုံးသပ်

ချီလီနီ၊ ရာမို့စ်နဲ့ ဗန်ဒိုက်တို့ဟာ ကစားသမားဘဝတလျှောက် ကျော်ဖြတ်ရ အခက်အခဲဆုံး နောက်ခံလူ ၃ ဦး ဖြစ်တယ်လို့  အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး တိုက်စစ်မှူး မိုရာတာက ပြောလိုက်ပါတယ်။  မိုရာတာဟာ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်နဲ့ ချဲလ်ဆီးအသင်းတွေမှာ ကစားခဲ့ဖူးပြီး ထိပ်တန်းခံစစ်မှူးတွေနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။  မိုရာတာအတွက် ဖြတ်ကျော်ရအခက်ဆုံး ခံစစ်ကစားသမားတွေကတော့ ဂျူဗင်တပ်စ် နောက်ခံလူ ချီလီနီ၊ ရီးရလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်နဲ့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်တို့ ဖြစ်တယ်လို့ ပြောပါတယ်။ အသက် ၂၇ နှစ်ရှိ တိုက်စစ်မှူး မိုရာတာဟာ အခုနှစ်ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်နဲ့ ဆုံတွေ့ခဲ့ပြီး အချိန်ပို နောက်ဆုံးမိနစ်မှာ ၁ ဂိုးသွင်းယူခဲ့ပါတယ်။
11 months Ago
Up