ချီလီနိုင်ငံ

June 30, 2020

ချီလီနိုင်ငံ၌ ကိုဗစ်-၁၉ ကြောင့် တရက်အတွင်း ၆၆ ဦး သေဆုံး၊ ၄၀၀၀ ကျော် ကူးစက်ခံရ

ချီလီနိုင်ငံမှာ ဇွန် ၂၉ ရက်နေ့ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၀၁၇ ဦးနဲ့ သေဆုံးသူ ၆၆ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ ချီလီနိုင်ငံမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်းဟာ ပြီးခဲ့တဲ့ အပတ်က ၁၉ ရာခိုင်နှုန်း လျော့ကျလာခဲ့တယ်လို့ ချီလီကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၂၈ ရက်မှာ ပြောပါတယ်။  ချီလီမှာ အသွားအလာ ကန့်သတ်ချက် လော့ဒေါင်းကို တစိတ်တပိုင်း ပြန်ဖွင့်ခဲ့တာကြောင့် ကူးစက်နှုန်းတွေ ပြန်မြင့်တက်လာလို့  လော့ဒေါင်းစည်းမျဉ်းတွေကို တကျော့ပြန် ပိုတင်းကျပ်ထားနေရတာပါ။  ဇွန်လ ၃၀ ရက်နေ့အထိ အတည်ပြုလူနာဦးရေ ၂၇၅,၉၉၉ ဦး ရှိလာပြီး၊ သေဆုံးသူကလည်း ၅၅၇၅ ဦး ရှိလာပါတယ်။  မြို့တော် ဆန်တီယာဂိုမှာလည်း ဒေသခံတွေဟာ အပြင်ထွက် သွားလာလှုပ်ရှားမှုအတွက် အထေက်အထား စာရွက်စာတမ်းတွေပါမှ သွားလာနိုင်ပါတယ်။  လက်တင်အမေရိကတိုက်ဟာ ကိုဗစ်-၁၉  ကပ်ဘေးဗဟိုချက် အသစ် ဖြစ်လာနေပါတယ်။ အခြေအနေက မြန်မြန်ဆိုးရွားလာနေပြီး၊ လက်တင်အမေရိကနဲ့ ကာရစ်ဘီယန်ဒေသမှာ ပြီးခဲ့တဲ့တလက အတည်ပြုလူနာ ၆၉၀,၀၀၀ ရှိရာကနေ အခုတော့ ၂ သန်းခွဲအထိ ရှိလာနေပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
12 months Ago

June 10, 2020

ချီလီနိုင်ငံတွင် ငါးဖမ်းသမားများ ဆန္ဒပြ

ချီလီနိုင်ငံမှာ ကင်းမွန်ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး တားမြစ်တဲ့ဥပဒေရုပ်သိမ်းမှုအပေါ် မကျေနပ်လို့ ဇွန် ၈ ရက်က ငါးဖမ်းသမားတွေဟာ လက်နက်စွဲကိုင်ပြီး လမ်းတွေကို ပိတ်ဆို့တာ၊ မီးရှို့တာတွေ လုပ်ခဲ့တဲ့အပြင် ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ ဒေသခံတွေကြားမှာ ဂျီဘီယာလို့ သိကြတဲ့ ကင်းမွန်တွေကို ပိုက်ဆွဲ ဖမ်းဆီးမှုကနေ တားမြစ်ထားတဲ့ ဥပဒေနဲ့ပတ်သက်ပြီး ငါးဖမ်းကုမ္ပဏီတခုက တရားရုံးချုပ်မှာ အသနားခံစာ တင်ခဲ့တာကို ငါးဖမ်းသမားတွေက ဆန့်ကျင် ဆန္ဒပြနေတာပါ။ ငါးဖမ်းလုပ်ငန်းအတွင်း အလုပ်အကိုင်ရရှိမှု လတ်တလောမှာ သိသိသာသာ ထိုးကျနေလို့ အလုပ်အကိုင်ရရှိရေး ခက်ခဲနေတဲ့အချိန်မှာ အကြမ်းဖက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်တာလည်း ဖြစ်ပါတယ်။
1 year Ago
More News
Up