ချီလီစာရေးဆရာ

A d v e r t i s e m e n t With Us

April 17, 2020

ကိုရိုနာရောဂါကြောင့် ချီလီစာရေးဆရာ ကွယ်လွန်

"The Old Man Who Read Love Stories," ဆိုတဲ့ စာအုပ်နဲ့ ကျော်ကြားခဲ့တဲ့ ချီလီစာရေးဆရာ  လူးဝစ်-ဆယ်ပိုဗယ်ဒါဟာ စပိန်မြောက်ပိုင်းမှာ COVID-19 ရောဂါနဲ့ ဧပြီ ၁၆ ရက်က ကွယ်လွန်သွားပါတယ်။   ချီလီနိုင်ငံမှာ အာဏာရှင် ပီနိုချေးအုပ်ချုပ်စဉ်ကာလတုန်းက စပိန်နိုင်ငံကို ထွက်ပြေးခဲ့တဲ့ လူးဝစ်-ဆယ်ပိုဗယ်ဒါဟာ COVID-19 ရောဂါကြောင့် အိုဗီယက်ဒိုမြို့ ဆေးရုံမှာ သီတင်းပတ်ချီ ကုသမှုခံယူခဲ့ပါတယ်။  ချီလီစာရေးဆရာ ဆယ်ပိုဗယ်ဒါဟာ မကြာသေးခင်က ပေါ်တူဂီနိုင်ငံ ပေါ်တိုမြို့ စာပေပွဲတော်တခုကနေ ပြန်လာခဲ့တာပါ။  ဆယ်ပိုဗယ်ဒါဟာ စပိန်မြောက်ပိုင်းမှာ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး သူသေဆုံး တာကို ထုတ်ဝေသူနဲ့ စပိန်မီဒီယာက သတင်းထုတ်ပြန်ခဲ့ပါတယ်။   ဆယ်ပိုဗယ်ဒိုကို ထက်မြက်တဲ့ စာရေးဆရာတဦးအဖြစ် ချီလီပြည်သူတွေက    သဘောထားကြပြီး စပိန်နိုင်ငံမှာ သေဆုံးခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်မိတယ်လို့ အတော်များများက ပြောကြပါတယ်။  ချီလီစာရေးဆရာ ဆယ်ပိုဗယ်ဒါ  ကွယ်လွန်ချိန်မှာ အသက် ၇၀ ရှိပြီလို့လည်း    ရိုက်တာ သတင်းအရ သိရပါတယ်။      
11 months Ago
Up