ချီဖွေမြို့

February 24, 2021

ချီဖွေမြို့က စိုက်ပျိုးရေးဝန်ထမ်းများက ပြည်သူ့အစိုးရတက်မှ အလုပ်ပြန်ဆင်းမည်ဟု ထုတ်ပြန်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်မှာ အာဏာဖီဆန် CDM ၀င်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးအစရှိတဲ့ အစိုးရ၀န်ထမ်းတွေကို ဖေဖော်ဝါရီလ ၂၄ ရက်အမီ ရုံးပြန်တက်ဖို့ ဌာနတွင်း‌မှာ စာထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ချီဖွေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အလုပ်သင်‌ နေ့စား၀န်ထမ်း ၅ ယောက်က တော့ ပြည်သူ့အစိုးရတက်လာမှ အလုပ်ပြန်ဆင်းနိုင်မယ်လို့  သဘောထား ထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက CDM ၀င်နေတာဟာ အကြောင်းမဲ့ ပျက်ကွက်တာ မဟုတ်ဘဲ အာဏာသိမ်းအစိုးရလက်အောက်မှာ တာ၀န်မထမ်းဆောင်လိုတဲ့အတွက် ဖြစ်တယ်လို့ ရေးသား‌ဖော်ပြထားပါတယ်။

ဒါ့အပြင် ယခုလိုလုပ်ဆောင်တာဟာ ပါတီ၊ နိုင်ငံရေးလုပ်တာမဟုတ်ဘဲ ပြည်သူ့၀န်ထမ်း တစ်ယောက်အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတာဖြစ်တယ်လို့လည်း မှတ်ချက်အနေနဲ့ ရေးသားထားပါတယ်။

ဇုန်းကျန်း CJ

3 months Ago

January 25, 2021

ချီဖွေမြို့ နေအိမ်အချို့တွင် အစိုးရအဖွဲ့သစ် ထောက်ခံကြောင်း အန်အယ်လ်ဒီပါတီအလံလွှင့်ထူ

ကချင်ပြည်နယ် ချီဖွေမြို့မှာ မကြာခင်ဖွဲ့စည်းမယ့် အန်အယ်လ်ဒီပါတီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့‌ နေအိမ်အချို့မှာ ပါတီအလံတွေ လွှင်ထူခဲ့ကြတယ်လို့ သိရပါတယ်။

မြို့ပေါ်ရစ်လော်ရပ်ကွက်ဒေသခံတဦးက “လက်ရှိအစိုးရလုပ်ခဲ့တာကို ပြန်ကြည့်ရင်ပြုပြင်ပြောင်းလဲခဲ့တာတွေ အရမ်းအားရပြီး၊ ပြည်သူတွေ ရွေးချယ်လို့ တက်သွားတဲ့ အမေစုဦးဆောင်မဲ့ အစိုးရအဖွဲ့‌ အသစ်ကိုလည်း ရွေးချယ်ပြီးသွားပြီလို့ ကြားသိရတဲ့အတွက် ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းသာကြိုဆိုဝန်းရံချင်လို့ အလံလွှင့်ထူခဲ့တာ” လို့ ပြောပါတယ်။

ချီဖွေမြို့နယ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဒေါင်နောက “ပြည်သူတွေရဲ့နိုင်ငံရေးရေချိန်မြင့်မားလာကာ လိုလိုလားလားနဲ့ အခုလို ထောက်ခံအားပေးတာကို ကြိုဆိုသလို ပါတီအတွက်ရော ပြည်သူတွေအတွက်ပါ ၀မ်းသာဂုဏ်ယူမိတယ်” လို့ ပြောပါတယ်။ ချီဖွေမြို့နယ်မှာ အရင်က ပြည်ခိုင်ဖြိုးပါတီနဲ့ ဒေသခံပါတီတွေကသာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာမှ ပြည်နယ်လွှတ်တော်နေရာအတွက် လူငယ်အမျိုးသမီးလည်းဖြစ်တဲ့ ဒေါ်ဒေါင်နောက ပထမဦးဆုံးအကြိမ်အဖြစ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဇုန်းကျန်း CJ

4 months Ago
More News
Up