ချီဖွေ

July 15, 2021

ချီဖွေတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦး ပထဆုံး စတွေ့

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေမြို့မှာ ဇူလိုင် ၁၄ ရက်နေ့က ယာဉ်မောင်း ၅ ဦးအပါအဝင် ၆ ဦးမှာ ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချီဖွေမြို့အ၀င်ရှိ ထင်းစည်းချိုး ရုပ်တုအနီးက ကျန်းမာရေး စစ်ဆေးရေးဂိတ်မှာ ကိုဗစ်‌စစ်ဆေးရာ စစ်ဆေးရာ ပန်ဝါသတ်ထုတွင်းသွားပို့မည့် ဆီဘောက်ဆာယာဉ်မောင်း ၅ ဦးနဲ့ မြစ်ကြီးနားပြန် ချီဖွေဒေသခံ ၁ ဦးတို့မှာ ပိုးတွေ့ရှိခဲ့တာလို့ အမည်မဖော်လိုတဲ့ တာ၀န်ကျ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။

ချီဖွေမြို့ဟာ လူဦးရေ ၂ သောင်းကျော်သာ ရှိပေမယ့် တရုတ်ပြည်နယ်စပ် ပန်ဝါသွား လမ်းမပေါ်မှာ တည်ရှိပြီး စားသောက်ဆိုင်နဲ့ တည်းခိုခန်းတွေ အဓိက အလုပ်အကိုင်ဖြစ်တာကြောင့် အခုလို ခရီးသွား ယာဉ်မောင်းတွေထံ ပိုးတွေ့ရှိခဲ့တဲ့အတွက် တော်တော်သတိထားရမယ်လို့ ချီဖွေမြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အဆိုပါပိုးတွေ့လူနာ ၆ ဦးကို ချီဖွေပြည်သူ့ဆေးရုံမှာ ကုသပေးနေကာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ကိုဗစ်တတိယလိုင်းအတွင်း ချီဖွေမြို့မှာ ပထမဆုံးအကြိမ်ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

5 months Ago

May 24, 2021

“ကျောင်းအုပ်ကြီး ရပ်တန်းကရပ်ပါ” ဆိုတဲ့ ချီဖွေစစ်ကျွန်ပညာဆန့်ကျင်ရေးလှုပ်ရှားမှု

ကချင်ပြည်နယ်ချီဖွေမြို့မှာ ကျောင်းအပ်စတင်လက်ခံမဲ့ မေ ၂၄ ရက်နေ့မနက်ပိုင်းက စတင်ကာ မြို့တွင်းနဲ့ကျောင်းတွေမှာ ကျောင်းမအပ်နှံရေးနဲ့ စစ်ကျွန်ပညာ အလိုမရှိကြောင်း ဆန့်ကျင်လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ကျောင်းအုပ်ကြီးရပ်တန်းကရပ်ပါ၊ ကာယ ရသချိန်မှာ မြက်ရှင်းချင်သလား အစရှိသော စာသားများကို ချီဖွေ အ.ထ.က ကျောင်းနဲ့ မြို့တွင်းလမ်းတွေမှာ ရေးသားကာ ဆန့်ကျင်ကြတာဖြစ်ပါတယ်။

6 months Ago
More News
Up