ရင်သွေးငယ်များကို စောင့်ရှောက်ပါဆိုတဲ့ ချီတက်ပွဲကို သြဂုတ် ၁၀ ရက်က ဟောင်ကောင်မှာ ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူတွေက မျိုးဆက်သစ်တွေရဲ့ အနာဂတ် ကောင်းမွန်စေဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီချီတက်ပွဲမှာ ရာနဲ့ချီတဲ့လူတွေ ပါဝင်ခဲ့ပြီး သူတို့က “ရင်သွေးငယ်များကို စောင့်ရှောက်ပါ “ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ လူငယ်တွေ ရှေ့ဆုံးကပါဝင်နေပြီး ဟောင်ကောင်လွတ်လပ်ခွင့်ကို တရုတ်အစိုးရက ကန့်သတ်မှာကို စိုးရိမ်နေပါတယ်။
ဒါ့အပြင် သူတို့ဟာ လူနေစရိတ် မြင့်မားတာနဲ့ လူချမ်းသာတွေ အကြိုက်လုပ်တဲ့ အိမ်ရာစီမံကိန်းတွေကို မတရားဘူးလို့ ရှုမြင်ကြပါတယ်။
“ကျမကလေးအနာဂတ်အတွက် ကျမ စိတ်ပူတယ်။ တကယ်လို့သာ တရားခံလွှဲပြောင်းရေး ဥပဒေကြမ်း အတည်ပြုလိုက်ရင် ကျမတို့လှုပ်ရှားမှု ကျရှုံးသွားပြိ။ ကျမကလေးတွေ ဒီမိုကရေစီ တို့ လွတ်လပ်ခွင့်တို့ ဘာမှရမှာ မဟုတ်တော့ဘူး။ တော်တော်များများကို ပြည်မကြီးကလူတွေ ယူသွားကြလိမ့်မယ်“ လို့ နာတာလီဆိုသူ မိခင်တဦးက ပြောပါတယ်။
“ဟောင်ကောင်ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာကတော့ ဇူလိုင် ၂၁ ရက်နေ့မှာ လုံး၀ပျက်စီးသွားပြီ။ ရဲတပ်ဖွဲ့အပေါ် ပြည်သူတွေ ယုံကြည်မှုပြန်ရဖို့ ဘယ်လောက်ကြာမလဲ ကျနော် မပြောတတ်ဘူး။ ဒီရက်ပိုင်းမှာ ရဲတွေ လုပ်ပုံကိုင်ပုံမြင်ရတာ တခါတလေ အတော်လန့်မိတယ်။ တခုခု မြင်လို့ ရဲကို အကြောင်းကြားချင်ပေမယ့် ရဲစခန်း မသွားရဲဘူး။ ရဲတွေ သူတို့အမှုကို ပြောင်းပြန်လုပ်ပစ်မလား မပြောတတ်ဘူးလေ။ အခုတော့ ဟောင်ကောင်ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ကြားမှာ ယုံကြည်မှု ပျောက်ဆုံးသွားပြီ” လို့ အငြိမ်းစားဝန်ထမ်းတဦးဖြစ်သူ ယွမ်ချီလမ်က ပြောပါတယ်။
ဒီသတင်းပတ်ကုန်မှာ ဟောင်ကောင်ဆန္ဒပြပွဲတွေကို ဟောင်ကောင်၊ ကွန်းလုံနဲ့ နယ်မြေသစ်တွေမှာ ပြုလုပ်ဖို့ စီစဉ်ထားပြီး အဲဒီနေရာတွေမှာ ရဲတပ်ဖွဲ့ရဲ့ နည်းပရိယာယ်အပြောင်းအလဲကို ဆန္ဒပြသူတွေ မြင်တွေ့ရပါတယ်။
သက်ကြီး ဟောင်ကောင်သားတွေကလည်း ဆန္ဒပြလူငယ်တွေကို အကြမ်းမဖက်ဖို့ မေတ္တာရပ်ခံတဲ့စာတွေကို ရဲစခန်းနဲ့ အာဏာပိုင်တွေထံ ပေးပို့ခဲ့ပါတယ်။
Zawgyi Version
ရင္ေသြးငယ္မ်ားကို ေစာင့္ေရွာက္ပါ ခ်ီတက္ပြဲ ေဟာင္ေကာင္တြင္ ျပဳလုပ္
DVB
ရင္ေသြးငယ္မ်ားကို ေစာင့္ေရွာက္ပါဆိုတဲ့ ခ်ီတက္ပြဲကို ၾသဂုတ္ ၁၀ ရက္က ေဟာင္ေကာင္မွာ ျပဳလုပ္ခဲ့ၿပီး ဆႏၵျပသူေတြက မ်ိဳးဆက္သစ္ေတြရဲ႕ အနာဂတ္ ေကာင္းမြန္ေစဖို႔ ေတာင္းဆိုခဲ့ပါတယ္။
အဲဒီခ်ီတက္ပြဲမွာ ရာနဲ႔ခ်ီတဲ့လူေတြ ပါဝင္ခဲ့ၿပီး သူတို႔က “ရင္ေသြးငယ္မ်ားကို ေစာင့္ေရွာက္ပါ “ဆိုတဲ့ ဆိုင္းဘုတ္ေတြကိုင္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။
ေဟာင္ေကာင္ဆႏၵျပပြဲေတြမွာ လူငယ္ေတြ ေရွ႕ဆုံးကပါဝင္ေနၿပီး ေဟာင္ေကာင္လြတ္လပ္ခြင့္ကို တ႐ုတ္အစိုးရက ကန႔္သတ္မွာကို စိုးရိမ္ေနပါတယ္။
ဒါ့အျပင္ သူတို႔ဟာ လူေနစရိတ္ ျမင့္မားတာနဲ႔ လူခ်မ္းသာေတြ အႀကိဳက္လုပ္တဲ့ အိမ္ရာစီမံကိန္းေတြကို မတရားဘူးလို႔ ရႈျမင္ၾကပါတယ္။
“က်မကေလးအနာဂတ္အတြက္ က်မ စိတ္ပူတယ္။ တကယ္လို႔သာ တရားခံလႊဲေျပာင္းေရး ဥပေဒၾကမ္း အတည္ျပဳလိုက္ရင္ က်မတို႔လႈပ္ရွားမႈ က်ရႈံးသြားၿပိ။ က်မကေလးေတြ ဒီမိုကေရစီ တို႔ လြတ္လပ္ခြင့္တို႔ ဘာမွရမွာ မဟုတ္ေတာ့ဘူး။ ေတာ္ေတာ္မ်ားမ်ားကို ျပည္မႀကီးကလူေတြ ယူသြားၾကလိမ့္မယ္“ လို႔ နာတာလီဆိုသူ မိခင္တဦးက ေျပာပါတယ္။
“ေဟာင္ေကာင္ရဲတပ္ဖြဲ႕ ဂုဏ္သိကၡာကေတာ့ ဇူလိုင္ ၂၁ ရက္ေန႔မွာ လုံး၀ပ်က္စီးသြားၿပီ။ ရဲတပ္ဖြဲ႕အေပၚ ျပည္သူေတြ ယုံၾကည္မႈျပန္ရဖို႔ ဘယ္ေလာက္ၾကာမလဲ က်ေနာ္ မေျပာတတ္ဘူး။ ဒီရက္ပိုင္းမွာ ရဲေတြ လုပ္ပုံကိုင္ပုံျမင္ရတာ တခါတေလ အေတာ္လန႔္မိတယ္။ တခုခု ျမင္လို႔ ရဲကို အေၾကာင္းၾကားခ်င္ေပမယ့္ ရဲစခန္း မသြားရဲဘူး။ ရဲေတြ သူတို႔အမႈကို ေျပာင္းျပန္လုပ္ပစ္မလား မေျပာတတ္ဘူးေလ။ အခုေတာ့ ေဟာင္ေကာင္ျပည္သူေတြနဲ႔ ရဲတပ္ဖြဲ႕ၾကားမွာ ယုံၾကည္မႈ ေပ်ာက္ဆုံးသြားၿပီ” လို႔ အၿငိမ္းစားဝန္ထမ္းတဦးျဖစ္သူ ယြမ္ခ်ီလမ္က ေျပာပါတယ္။
ဒီသတင္းပတ္ကုန္မွာ ေဟာင္ေကာင္ဆႏၵျပပြဲေတြကို ေဟာင္ေကာင္၊ ကြန္းလုံနဲ႔ နယ္ေျမသစ္ေတြမွာ ျပဳလုပ္ဖို႔ စီစဥ္ထားၿပီး အဲဒီေနရာေတြမွာ ရဲတပ္ဖြဲ႕ရဲ႕ နည္းပရိယာယ္အေျပာင္းအလဲကို ဆႏၵျပသူေတြ ျမင္ေတြ႕ရပါတယ္။
သက္ႀကီး ေဟာင္ေကာင္သားေတြကလည္း ဆႏၵျပလူငယ္ေတြကို အၾကမ္းမဖက္ဖို႔ ေမတၱာရပ္ခံတဲ့စာေတြကို ရဲစခန္းနဲ႔ အာဏာပိုင္ေတြထံ ေပးပို႔ခဲ့ပါတယ္။
2 years Ago