ချိုးဖောက်သူ

July 30, 2020

အမျိုးသားလုံခြုံရေးဥပဒေသစ်ချိုးဖောက်သူ ဟောင်ကောင် ကျောင်းသား ၄ ဦး ဖမ်းခံရ

ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးဥပဒေသစ်ကို ချိုးဖောက်မှု သံသယနဲ့ ကျောင်းသား လေးယောက် ဇူလိုင်လ ၂၉ရက်က ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အသက် ၁၆ နှစ်ကနေ ၂၁ နှစ်အကြား အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး တယောက်ကို ဟောင်ကောင်ခွဲထွက်ရေး လူမှုကွန်ရက်ပေါ်မှာ လှုံ့ဆော်မှု၊ ဟောင်ကောင်လွတ်လပ်ရေး လှုပ်ရှားသူ မတူခြားနားတဲ့အုပ်စုတွေကို ညီညွတ်အောင်ကြိုးစားမှုတွေနဲ့ဖမ်းခဲ့တယ်လို့ ဟောင်ကောင် အကြီးတန်းရဲမှူး လီကွေ့ဝါက မီဒီယာကို ပြောပါတယ်။ တရုတ်ပြည်မကြီးအစိုးရဟာ တင်းကြပ်တဲ့ အမျိုးသားလုံခြုံရေးဥပဒေကို ဟောင်ကောင်မှာ ဇူလိုင် ၁ ရက်က စတင် ကျင့်သုံး ပါတယ်။ ဒီဥပဒေအောက်မှာ ခွဲထွက်ရေး၊ အဖျက်အမှောင့်လုပ်ရပ်တွေ အကြမ်းဖက်ဝါဒနဲ့ နိုင်ငံခြား စစ်တပ်တွေ နဲ့ ပူးပေါင်းမှုတွေကို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ထိ ချမှတ်နိုင်ပါတယ်။  
11 months Ago

June 19, 2020

ချီလီတွင် သွားလာကန့်သတ်မှုစည်းကမ်းချိုးဖောက်သူများ ထောင် ၅ နှစ်ချခံရမည်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ နပန်းလုံးနေတဲ့ ချီလီနိုင်ငံမှာ အသွားအလာကန့်သတ်မှု စည်းကမ်းချိုးဖောက်သူတွေကို ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ သမ္မတ စဘတ်ရှန် ပင်ညဲရာက ဇွန်လ ၁၈  ရက်မှာ ကြေညာလိုက်ပါတယ်။  မြို့တော်ဆန်တီယေဂိုမှာ ရဲတပ်ဖွဲ့နဲ့အတူ  စစ်သားတွေကို  ဖြန့်ကြက်ထားပြီး  လမ်းပေါ်ထွက်သူတွေမှာ သွားလာခွင့်ပြုမိန့်  ပါ၊ မပါ စစ်ဆေးနေပါတယ်။   ဒါ့အပြင် အာဏာပိုင်တွေမှာ စည်းကမ်းချိုးဖောက်သူတွေကို အမေရိကန်ဒေါ်လာ ၁၂,၅၀၀ အထိ ဒဏ်တပ်ခွင့် ရှိပါတယ်။   ဒီသတင်းပတ်အတွင်း အစိုးရက ဆန်တီယေဂိုမြို့မှာ နေထိုင်သူတွေကို တပတ် အိမ်ပြင်ထွက်ခွင့် ၅ ကြိမ်အစား  ၂  ကြိမ်သာ  ခွင့်ပြုမယ်လို့ ကြေညာခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့တာကို အောင်မြင်အောင် မတားဆီးနိုင်တဲ့ ဆန်တီယေဂိုမြို့ နေရာတချို့မှာ လော့ဒေါင်းကာလကို  ၃ လအထိ သက်တမ်းတိုးမယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ချီလီမှာ ဇွန်လ ၁၉ ရက်မွန်းလွဲပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၂၅,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၈၀၀ ကျော်ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
12 months Ago
Up