တောင်ကိုရီးယားမှာ ကလေးသူငယ် လိင်ပိုင်းစော်ကားမှုနဲ့ ထောင် ၁၂ နှစ်ကျခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်က လွတ်မြောက်လာသူကို လူအုပ်ကြီးက ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ်က ချိုဒိုဆွန်း ဆိုသူ အသက် ၅၇ နှစ်အရွယ်အမျိုးသားဟာ ၈ နှစ်အရွယ် မိန်းကလေးကို ကြမ်းကြမ်းတမ်းတမ်း အဓမ္မပြုကျင့်ခဲ့တာကြောင့် မိန်းကလေးဟာ သေရာပါ အတွင်းဒဏ်ရာတွေ ရခဲ့ပါတယ်။
အရက်မူးနေတဲ့ အကြောင်းပြချက်နဲ့ သူ့ကို ထောင်ဒဏ် ၁၅ နှစ်ကနေ ၁၂ နှစ် လျှော့ချခဲ့တဲ့အတွက် အုတ်အော်သောင်းတင်း ဒေါသဖြစ်ခဲ့ကြပါတယ်။
ဒီဇင်ဘာ ၁၂ ရက် ပြန်လွတ်လာချိန်မှာတော့ ချိုဒိုဆွန်းဟာ အသက် ၆၉ နှစ် ရှိပါပြီ။
ကလေးသူငယ် လိင်ပိုင်းစော်ကားသူတွေကို ထောင်ဒဏ်တစ်သက် ချမှတ်ဖို့ လွှတ်တော်အမတ်တွေက ဥပဒေကြမ်း အဆိုပြုထားပေမယ့် ဒီကိစ္စအတွက် အများပြည်သူတွေရဲ့ ဒေါသက လျော့မသွားခဲ့ဘူးလို့ ရိုက်တာက တင်ပြထားပါတယ်။
4 months Ago