ဝုဗ်အသင်းဟာ လီဗာပူးတောင်ပံကစားသမား ချိန်ဘာလိန်ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အသင်းတိုက်စစ်ပိုင်းမှာ ဒီယေဂိုဂျိုတာကို လီဗာပူးအသင်းဆီရောင်းချခဲ့တာကြောင့် ချိန်ဘာလိန်ကို ပြန်ခေါ်ဖို့ ဝုဗ်အသင်းက စိတ်ဝင်စားနေတာပါ။
လီဗာပူးကွင်းလယ်မှာ ဘိုင်ယန်မြူးနစ်က သီယာဂို အယ်ကန်တာရာကို ခေါ်ယူအားဖြည့်ခဲ့တာကြောင့် ချိန်ဘာလိန်အနေနဲ့ ပွဲကစားခွင့် နည်းပါးလာနိုင်တယ်လို့ Mirror သတင်းစာက ဖော်ပြပါတယ်။
အင်္ဂလန်ကစားသမား ချိန်ဘာလိန်ဟာ ပြီးခဲ့တဲ့ရာသီက ပွဲ ၃၀ အထိ ကစားခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့်အတွက်တော့ ရုန်းကန်ခဲ့ရတာပါ။
ချိန်ဘာလိန်အတွက် လီဗာပူးအသင်းဘက်က ပေါင် ၂၅ သန်းထက် မနည်း ရရှိလိုနေတယ် လို့ သိရပါတယ်။
6 months Ago