ချိတ်ဆက်

April 25, 2020

ရုရှားကုန်တင်အာကာသယာဉ် နိုင်ငံတကာအာကာသစခန်းနှင့် ချိတ်ဆက်နိုင်ပြီ

ကုန်တင်အာကာသယာဉ် Progress 75 ဟာ ဧပြီ ၂၅ ရက်မှာ နိုင်ငံတကာအာကာသစခန်း ယာဉ်နဲ့ ချိတ်ဆက်မိခဲ့တယ်လို့ သိရပါတယ်။  ဒီယာဉ်ကို ဒီနေ့ မနက်အစောပိုင်းမှာ လွှတ်တင်ခဲ့ပြီး နိုင်ငံတကာအာကာသစခန်းကို သုံးနာရီအကြာမှာရောက်ရှိခဲ့ပါတယ် ။  ယာဉ်မှာ ရေ၊ အောက်စီဂျင်၊ လောင်စာနဲ့ လိမ္မော်သီး၊ စပျစ်သီးနဲ့ ကြက်အူချောင်းလို ရိက္ခာတွေလည်း နိုင်ငံတကာအာကာသစခန်းက ယာဉ်မှူး ၆၃ ဦးအတွက် ပါဝင်တယ်လို့ ရုရှား တတ်စ်သတင်းဌာနက ဖော်ပြထားပါတယ်။  ယာဉ်ကို သယ်ဆောင်လွှတ်တင်ခဲ့တဲ့ ဆိုယုဇ်ဒုံးပျံကိုလည်း ဒုတိယကမ္ဘာစစ်မှာ ရုရှားတို့ အနိုင်ရရှိမှု ၇၅ နှစ်မြောက်ပတ်လည်ကို ဂုဏ်ပြုပြီး ဗစ်ထရီဒုံးပျံလို့ မှည့်ခေါ်လိုက်တယ်လို့  ဆိုပါတယ္။ Progress ကုန်တင်အာကာသယဉ်ဟာ နိုင်ငံတကာအာကာသစခန်းနဲ့ ခုနှစ်လတာ ချိတ်ဆက်မှာ ဖြစ်ပြီး လာမယ့်ဒီဇင်ဘာမှာ မြေပြင်ကို ပြန်ဆင်းကာ ကမ္ဘာ့လေထုထဲ  ပေါက်ကွဲမီး လောင်သွားဖို့ စီစဉ်ထားတယ်လို့လည်း သတင်းက ဆိုပါတယ်။  
2 years Ago

February 20, 2020

လီဗာပူးအသင်း၏ ချိတ်ဆက်ခံရမှုအပေါ် ဂုဏ်ယူကြောင်း တိုင်မိုဝါနာပြော

လီဗာပူးအသင်းရဲ့ ချိတ်ဆက်တာခံရလို့ ဂုဏ်ယူတယ်လို့ လိုက်ပဇစ်အသင်းရဲ့ ခြေစွမ်းပြတိုက်စစ်မှူး တိုင်မိုဝါနာက ပြောပါတယ်။ စပါးအသင်းဘက်ကို ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ် ပထမအကျော့မှာ အနိုင်ဂိုးသွင်းယူပြီးနောက် ပြောကြားလိုက်တာပါ။  အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ဂျာမန်တိုက်စစ်မှူးဟာ အခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ၃၂ ပွဲကစားပြီး ၂၆ ဂိုးသွင်းယူထားသလို ၁၀ ကြိမ်ထိ ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်လို့ ဥရောပထိပ်သီး အသင်းတော်တော်များများက ချိတ်ဆက်နေကြပါတယ်။  တိုင်မိုဝါနာကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ရာသီကတည်းက မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားခဲ့ပေမယ့် လီဗာပူးကတော့ အခုရာသီမှ အမှန်တကယ်ချိတ်ဆက်လာတာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ရက်ဘူးလ်အသင်းရဲ့ မိတ်ဘက်အသင်းတွေကနေ ကစားသမား အတော်များများ ဝယ်ယူခဲ့ဖူးလို့ တိုင်မိုဝါနာအနေနဲ့ လာမယ့်ကာလအတွင်း မာဆေးလ်ဆိုဒ် အသင်းထံရောက်ရှိဖို့ နီးစပ်နေပါတယ်။ 
2 years Ago
Up