ချာလီဟက်ဘို

September 3, 2020

ပြင်သစ်သရော်စာမဂ္ဂဇင်း တမန်တော် မိုဟာမက် သရုပ်ဖော်ကာတွန်းပုံများ ပြန်ထုတ်ဝေ

မွတ်စလင်ကမ္ဘာကို ဒေါသထွက်စေခဲ့တဲ့ တမန်တော် မိုဟာမက် သရုပ်ဖော်ကာတွန်းပုံတွေကို   ပြင်သစ်သရော်စာမဂ္ဂဇင်း ချာလီဟက်ဘိုက စက်တင်ဘာလ ၂ ရက်မှာ ပြန်ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။   လွန်ခဲ့တဲ့ ၅ နှစ်ခန့်က အဲဒီကာတွန်းပုံတွေ ပုံနှိပ်ခဲ့တာနဲ့ ပတ်သက်လို့  အစ္စလာမ္မစ် သေနတ်သမားတွေက  ချာလီဟက်ဘို  သတင်းစာတိုက်ကို တိုက်ခိုက်ခဲ့ပါတယ်။  အဲဒီကာတွန်းကို အကြောင်းပြုတဲ့ စစ်သွေးကြွ တိုက်ခိုက်မှုတွေ ဆက်တိုက်ပေါ်ပေါက်ခဲ့ပြီး ၃ ရက်မှာ လူ ၁၇ ယောက် သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုမှာ  ပါဝင်ခဲ့တဲ့  ကြံရာပါ ၁၄ ယောက်ကို  ရုံးတင်စစ်ဆေးမယ့် အချိန်မှာပဲ သတင်းစာတိုက်က ကာတွန်းပုံတွေကို အထူး ပြန်လည်ထုတ်ဝေခဲ့တာပါ။  ပဲရစ်မြို့လယ်ကောင်က ခီရော့စ် သတင်းစာအရောင်းဆိုင်ကလည်း ချာလီဟက်ဘို သတင်းစာဟာ ခါတိုင်းနဲ့ နှိုင်းစာရင် ရောင်းအား ၃ ဆ တက်လာတယ်လို့ ပိုင်ရှင်ဖြစ်သူက ပြောဆိုပါတယ်။ ချာလီဟက်ဘိုသတင်းဌာန တိုက်ခိုက်မှုမှာ ပါဝင်ကြံစည်ခဲ့သူတွေကို ရုံးထုတ်မစစ်ဆေးမီ  ပြင်သစ်သမ္မတ မာခွန်းကလည်း ဒီသတ်ဖြတ်မှုကို အမှတ်ရနေမယ်လို့ ပြောဆိုခဲ့ပါတယ်။  ဒါ့အပြင်  သမ္မတ မာခွန်းက ပြင်သစ်နိုင်ငံမှာ လွတ်လပ်စွာ ယုံကြည်ခွင့်နဲ့ ယုံကြည်မှုအပေါ် လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်ဟာ အတူယှဉ်တွဲ ရှိနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ 
1 year Ago
Up