ချမ်းအေးသာဇံ တရားရုံ

October 2, 2020

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို  ချမ်းအေးသာဇံ တရားရုံး၌ စတင် ရုံးထုတ် (ဓာတ်ပုံ)

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)ရဲ့ ဥက္ကဋ္ဌ  ဦးကျော်မြင့်(ခ) မိုက်ကယ်ကျော်မြင့်ဟွာဟူကို  မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် စတင်ရုံးထုတ်စစ်ဆေးပါတယ်။ ဒီကနေ့မွန်းလွဲပိုင်းက ဦးကျော်မြင့်ကို တရားရုံးထုတ်ရာမှာ ရဲအင်အား အများအပြားနဲ့ လုံခြုံရေး ယူထားတာကို တွေ့ရပါတယ်။ ဦးကျော်မြင့်ကို စက်တင်ဘာ ၂၉  ရက်မှာ  ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာမှာ နေပြည်တော် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ခုအခါ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဦးကျော်မြင့်ဟာ  ၁၉၉၉ ခုနှစ် ဇန်နဝါရီလက အကျဉ်းထောင်ပြင်ပမှာ ဆေးကုသမှုခံယူနေစဉ် ထွက်ပြေးခဲ့တာကြောင့်  ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ Photo - Kaung Zaw Hein / MPA  
8 months Ago
Up