ချမ်းမြသာစည်မြို့နယ်တွင် အစိုးရ အလိုမရှိ စာများ လိုက်ကပ် (ဓာတ်ပုံ)

January 20, 2020

ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်၊ နေအိမ် ၂ လုံး ဆုံးရှုံး

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် ၅၅ လမ်း ၅၆ လမ်း မနော်ရီလမ်းတောင်ဘက် ထွန်တုန်းရပ်ကွက် (ဖ) ၄ မှာ ဒီနေ့ညနေ ၄ နာရီကျော်က မီးလောင်ခဲ့လို့ နေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။  အိမ်အမှတ် ၉၃ (ခ) ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောက်မှုဖြစ်ပွားခဲ့တာ ကြောင့် ၁၅ ပေ၊ ပေ ၃၀ ထရံကာသွပ်မိုး မြေစိုက် ၂ လုံး မီးလောင်ခဲ့ပြီး သုံးထပ်တိုက်တလုံး မီးဟပ်ခဲ့ပါတယ်။ မီးလောင်ရာနေရာကို တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက လာရောက်စစ်ဆေးခဲ့ ပါတယ်။ မီးလောင်မှုဖြစ်စဉ်ကြောင့် လယ်ဗယ် ၂ သတ်မှတ်ပြီး အရန်အင်အား ၁၀၀ သန္ဓေ ၃၀ နဲ့ အတူ မီးငြိမ်းသတ်ယဉ် အစီး သုံးဆယ်နဲ့ ငြိမ်းသတ်ခဲ့ပါတယ်။ ရပ်ကွက်နေ ပြည်သူတွေအနေနဲ့ မီး မပေါ့ဆကြဖို့၊ ဂရုတစိုက်သုံးစွဲကြဖို့ မန္တလေးတိုင်းခရိုင်မီးသတ်ဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက သတိပေးပြောကြားခဲ့ပါတယ်။ မီးလောင်မှုကြောင့် အိမ်ရှင် ဒေါ်ကောင်းရီကို မီးပေါ့ဆမှုကြောင့် ပုဒ်မ ၂၈၅ နဲ့ အောင်ပင်လယ်ရဲစခန်းက အမှုဖွင့်အရေးအယူထားပါတယ်။
1 year Ago

August 4, 2019

ချမ်းမြသာစည်မြို့နယ်တွင် အစိုးရ အလိုမရှိ စာများ လိုက်ကပ် (ဓာတ်ပုံ)

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘက်စုံ ဖိနှိပ်ချုပ်ချယ်မှု လွတ်မြောက်ရေး ပြည်သူ့တပ်ပေါင်းစုအဖွဲ့က အစိုးရ အလိုမရှိကြောင်းစာတွေနဲ့ စတစ်ကာတွေကို သြဂုတ်လ ၃ ရက်နေ့ ညက ဓာတ်တိုင်တွေနဲ့ နံရံတွေမှာ လိုက်လံကပ်ခဲ့ကြ ပါတယ်။ လိုက်ကပ်တဲ့ စတေကာတွေမှာ အပြောနဲ့အလုပ် ကတိမတည်တဲ့ အစိုးရ အလိုမရှိ၊ စီမံခန့်ခွဲမှု ကျမ်းကျင်မှုမရှိတဲ့သူတွေကိုပေးတဲ့ အစိုးရ အလိုမရှိဆိုတဲ့ အချက်တွေအပါအဝင် အချက် ၈ ချက်ပါပါတယ်။  စတစ်ကာတွေကိုတော့ မဟာအောင်မြေမြို့နယ် ချမ်းအေးသာစံမြို့နယ် ချမ်းမြသာစည် မြို့နယ် မနော်ဟရီလမ်း ၅၇ လမ်းနဲ့ ၅၈ လမ်းကြားနဲ့ မန္တလေးမြို့လူစည်ကားရာနေရာတွေမှာ လိုက်လံကပ်ထားတာကို တွေ့ရပါတယ်။
ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ အစိုးရ အလိုမရွိ စာမ်ား လိုက္ကပ္ (ဓာတ္ပုံ) ေအာင္ေအာင္ႏိုင္ မႏၲေလးတိုင္းေဒသႀကီး ခ်မ္းျမသာစည္ၿမိဳ႕နယ္မွာ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဘက္စုံ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈ လြတ္ေျမာက္ေရး ျပည္သူ႔တပ္ေပါင္းစုအဖြဲ႕က အစိုးရ အလိုမရွိေၾကာင္းစာေတြနဲ႔ စတစ္ကာေတြကို ၾသဂုတ္လ ၃ ရက္ေန႔ ညက ဓာတ္တိုင္ေတြနဲ႔ နံရံေတြမွာ လိုက္လံကပ္ခဲ့ၾက ပါတယ္။ လိုက္ကပ္တဲ့ စေတကာေတြမွာ အေျပာနဲ႔အလုပ္ ကတိမတည္တဲ့ အစိုးရ အလိုမရွိ၊ စီမံခန႔္ခြဲမႈ က်မ္းက်င္မႈမရွိတဲ့သူေတြကိုေပးတဲ့ အစိုးရ အလိုမရွိဆိုတဲ့ အခ်က္ေတြအပါအဝင္ အခ်က္ ၈ ခ်က္ပါပါတယ္။ စတစ္ကာေတြကိုေတာ့ မဟာေအာင္ေျမၿမိဳ႕နယ္ ခ်မ္းေအးသာစံၿမိဳ႕နယ္ ခ်မ္းျမသာစည္ ၿမိဳ႕နယ္ မေနာ္ဟရီလမ္း ၅၇ လမ္းနဲ႔ ၅၈ လမ္းၾကားနဲ႔ မႏၲေလးၿမိဳ႕လူစည္ကားရာေနရာေတြမွာ လိုက္လံကပ္ထားတာကို ေတြ႕ရပါတယ္။
2 years Ago
Up