ချမ်းမြသာစည်

November 1, 2022

မန္တလေးတွင် အချုပ်ကား ၁ စီး ဗုံးခွဲတိုက်ခိုက်ခံရ

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၈ လမ်း၊ ခင်စောမူကွေ့ရှိ အမှတ် (၁၁) ရဲစခန်းအနီးမှာ နိုဝင်ဘာ ၁ ရက် ဒီမနက် ၁၀ နာရီဝန်းကျင်က အချုပ်ကား တစီး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

အချုပ်ကားဟာ ချမ်းမြသာစည်မြို့နယ်တရားရုံးကို အချုပ်သားပို့ပြီးအပြန်မှာ ဗုံးနဲ့ထု တိုက်ခိုက်ခံရတာဖြစ်ပြီး ကားမောင်းတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် နှစ်ယောက်နဲ့ ဆိုင်ကယ် စီး အရပ်ဝတ်ရဲ တယောက် ထိခိုက်ဒဏ်ရာရလို့ လူနာတင်ယာဉ်နဲ့ တင်ခေါ်သွားတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့ Vomdy က ထုတ်ပြန်ထားပါတယ်။

ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲတွေက သေနတ်ပစ်ဖောက်ခဲ့သလို အနီးပတ်ဝန်းကျင်မှာလည်း ရှာဖွေစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် မနက် ၆ နာရီကျော်ကလည်း အောင်မြေသာစံမြို့နယ် ၁၂ လမ်းနဲ့ ၈၈ လမ်း အနီးမှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတွေ အယောက် ၃၀ လောက်ပါလာတဲ့  Double cup တစ်စီး၊ Faw ကားတစ်စီးနဲ့ ရဲကားတစ်စီး တို့ကို Generation Z Power- GZP(Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့၊ ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နဲ့  G 6 Star ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ပဒေသာမိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

3 months Ago

July 12, 2022

ချမ်းမြသာစည်တွင် ဓားပြတိုက် လူသတ်မှုဖြစ်ပွား

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်း ( ၁၁၀ လမ်း)၊ လမ်း ၅၀ နားမှာ ဇူလိုင် ၁၁ ရက် နေ့လယ်ပိုင်းက  သေနတ်နဲ့ပစ်ဓားပြတိုက်ပြီး လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အငြိမ်းစားမြို့နယ်တရားသူကြီးနဲ့ မိသားစုဟာ ငွေကျပ်သိန်း ၄၀၀၀ ကျော်ကို ဘဏ်ကနေ ထုတ်ယူလာခဲ့ပြီး နေအိမ်ရှေ့အရောက်မှာ နောက်ကနေ ကပ်လိုက်လာတဲ့ လူ လေးယောက်ပါ ကား ထဲက တယောက် ဆင်းလာကာ ငွေထုတ်လာတဲ့ ကားပေါ်က ဆင်းခိုင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အငြိမ်းစားမြို့နယ် တရားသူကြီးရဲ့ သမီးကို ကားပေါ်ကဆွဲချပြီးအသင့်ပါလာတဲ့ သေနတ် အတိုနဲ့ တချက်ပစ်ခတ်ကာကားကို ယူဆောင်ထွက်ပြေးသွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

မျက်မြင်တွေ့ခဲ့သူတယောက်က “ကားပေါ်ကနေ အကုန်လုံးကိုဆင်းခိုင်းက အသက် ၂၀ လောက်ရှိတဲ့ အမျိုးသမီးလေးက မဆင်း တော့ ပစ်ပြီး ကားမောင်းထွက်သွားတာ။ အကုန်လုံးကလည်း လက်နက်ပါတော့ ကြောက်ပြီး ဘယ်သူမှ ဘာမှ မလုပ်ရဲကြဘူး။” လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရတဲ့အမျိုးသမီးကို ဆေးရုံကြီးသို့ ပို့ခဲ့ကာ ဆေးရုံကြီး ရောက်အပြီးမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာက လိုက်လံရှာဖွေရာ လမ်း ၅၀ နဲ့ ၁၀၇ လမ်းထောင့် ဘောလုံးကွင်းမှာ လုယက်ခံရတဲ့ကားကို တွေ့ရှိတာကြောင့် စစ်ဆေးရာ ကားထဲမှာ ကျွတ်ကျွတ် အိတ်အနီရောင်နဲ့ ထုတ်ထားတဲ့ ကျပ်သိန်း ၈၀၀ ကို ပြန်လည်ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

7 months Ago
More News
Up