ချန်လှပ်

November 19, 2020

အာဆင်နယ်အသင်းလိုက်ဓာတ်ပုံတွင် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရသူ အိုဇေးလ် ပါဝင်

အာဆင်နယ်ရဲ့ အသင်းလိုက်ဓာတ်ပုံရိုက်ကူးမှုမှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ကွင်းလယ်ကစားသမား အိုဇေးလ်ပါဝင်ခဲ့ပါတယ်။  အိုဇေးလ်ဟာ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ အသုံးပြုမယ့် ကစားသမား စာရင်းတွေထဲကနေ ချန်လှပ်ခံထားရသူပါ။  ဆိုရှယ်ဒစ်စတန့်နဲ့အညီ ဓာတ်ပုံရိုက်ကူးခဲ့တဲ့ အာဆင်နယ်အသင်းလူစာရင်းမှာ အိုဇေးလ်က နောက်ဆုံးတန်းရဲ့ရှေ့မှာ ပါဝင်လာခဲ့တာပါ။   တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲရရှိနေတဲ့ အိုဇေးလ်ဟာ အသင်းရဲ့ လုပ်ခအများဆုံး ကစားသမားဖြစ်ပေမဲ့ အခုနှစ် မတ်လနောက်ပိုင်းမှာ တစ်ပွဲမှ ကစားခွင့်မရရှိသေးတာဖြစ်ပါတယ်။ ဒါ့အပြင် လူစာရင်းကနေ ချန်လှပ်ခံထားရတဲ့ ဂရိနောက်ခံလူ ဆိုကရားတစ်ဟာလည်း အသင်းလိုက်  ဓာတ်ပုံမှာတော့ ပြန်လည်ပါဝင်ခဲ့ပါတယ်။  အိုဇေးလ်ကို ပြိုင်ပွဲကစားရမယ့် လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့အပေါ် အာဆင်နယ် ပရိသတ်အများစုကလည်း အသင်းကို ဝေဖန်ခဲ့ကြပါတယ်။ 
1 year Ago

November 6, 2020

အင်္ဂလန်လူစာရင်းတွင် မန်ယူလူငယ်ကစားသမား ဂရင်းဝုဒ် ချန်လှပ်ခံခဲ့ရ

အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန်ခဲ့ရာမှာ မန်ယူနိုက်တက်က မေဆန်ဂရင်းဝုဒ် ချန်လှပ်ခံခဲ့ရပေမယ့် မန်စီးတီးကွင်းလယ်လူ ဖီးလ်ဖိုဒန် ပြန်လည်ပါဝင်လာပါတယ်။  ဂရင်းဝုဒ်နဲ့ ဖိုဒန်တို့ ၂ ဦးဟာ  ပြီးခဲ့တဲ့စက်တင်ဘာလက အမျိုးသမီး ၂ ဦးကို အသင်း ဟိုတယ်ကို ခေါ်ခဲ့တာကြောင့် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့ ပြစ်ချက်နဲ့ အသင်းလူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။  ဒါကြောင့် ပြီးခဲ့တဲ့အောက်တိုဘာက ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ အသင်းက ပြန်လည်ရွေးချယ်ခဲ့ခြင်း မရှိခဲ့ပါဘူး။  လာမယ့်ပွဲစဉ်တွေအတွက် လူစာရင်းထုတ်ပြန်ရာမှာတော့ ဖီးလ်ဖိုဒန်ပြန်လည် ရွေးချယ်ခံခဲ့ ရပေမဲ့ ဂရင်းဝုဒ်ကိုတော့ ဆက်ပြီးချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။  နည်းပြဆောက်ဂိတ်ဟာ ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ချဲလ်ဆီးနောက်ခံလူ ရီဆီဂျိမ်းစ် ကိုတော့ ရွေးချယ်ခဲ့ပါတယ်။  အင်္ဂလန်အသင်းဟာ လာမယ့်နိုဝင်ဘာ ၁၃ ရက်ကနေ ၁၉ ရက်အထိ အိုင်ယာလန်၊ ဘယ်လ်ဂျီယံ၊ အိုက်စလန်အသင်းတွေနဲ့ ၃ ပွဲ ကစားသွားရမှာဖြစ်ပါတယ်။ 
1 year Ago
More News
Up