ချန်ပီယံအသင်

July 10, 2020

ကွန်မြူနတီဒိုင်းပြိုင်ပွဲ၌ လီဗာပူးနှင့် ချန်ပီယံရှစ် ချန်ပီယံအသင်းတို့ ကစားရဖွယ်ရှိ

ရာသီအကြို ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ လီဗာပူးအသင်းနဲ့ ချန်ပီယံရှစ် ချန်ပီယံအသင်းတို့ကို ကစားစေဖို့ ရှိနေပါတယ်။  အင်္ဂလန်အက်ဖ်အေဟာ ပရီးမီးယားလိဂ်ချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံအသင်းတွေ ကို ရာသီကြိုကွန်မြူနတီဒိုင်း ပြိုင်ပွဲကစားစေတာပါ။  အခုနှစ် အက်ဖ်အေဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့တဲ့ မန်စီးတီး၊ ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့ဟာ ဥရောပပွဲစဉ်တွေ ဆက်လက်ကစားရဖို့ရှိပါတယ်။ ဘယ်အသင်းချန်ပီယံဖြစ်မလဲဆိုတာ အဖြေမထွက်သေးပေမဲ့ ကွန်မြူနတီ ဒိုင်းဗိုလ်လုပွဲကိုတော့ သြဂုတ်လ ၂၃ ရက် ကျင်းပဖို့ အက်ဖ်အေက စီစဉ်ထားတာပါ။  အက်ဖ်အေဖလားမှာ ချန်ပီယံဖြစ်တဲ့အသင်းက ဥရောပပွဲစဉ်တွေနဲ့ ပွဲစဉ်ဇယား ကြပ်ဖို့ရှိတာ ကြောင့် ချန်ပီယံရှစ်က ချန်ပီယံအသင်းကို ဖိတ်ကြားပြီး ကစားဖို့ အက်ဖ်အေက စီစဉ်ထားတာပါ။ ချန်ပီယံရှစ်ပြိုင်ပွဲပြီးဆုံးဖို့ ၄ ပွဲအလိုမှာ လိဒ်ယူနိုက်တက်က ဒုတိယနေရာက ဝက်စ်ဘရွန်း ထက် တစ်မှတ်အသာနဲ့ ဦးဆာင်နေပါတယ်။ 
10 months Ago
Up