ချန်ပီယံလိဂ် ၁၆ သင်း

A d v e r t i s e m e n t With Us

December 13, 2019

ပြိုင်ဘက်အသင်းများ စပါးအသင်းနှင့်တွေ့ရန် ကြောက်ရွံ့နေဟု မော်ရင်ဟို ပြော

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ သူ့အသင်းနဲ့တွေ့ဆုံဖို့ ပြိုင်ဘက်တွေကြောက်ရွံ့နေကြပြီလို့ စပါးနည်းပြ ဟိုဆေးမော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။   အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အခုလိုပြောဆိုလိုက်တာပါ။  စပါးအသင်းဟာ အုပ်စုဘီရဲ့ အုပ်စုဒုတိယနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့ပွဲမတိုင်ခင်ကတည်းက အုပ်စုတက်ဖို့ သေချာနေခဲ့တာပဲဖြစ်ပါတယ်။   ဒါ့ကြောင့် ဂျာမာန်မြေမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ မော်ရင်ဟိုဟာ ဟယ်ရီကိန်း၊ ဒယ်လီအလီနဲ့ ဗာတွန်ဂန်တို့အပါအဝင် အဓိကကစားသမားတချို့ကို အနားပေးခဲ့တာပဲဖြစ်ပါတယ်။  ဒါ့ကြောင့် ပွဲအပြီးမှာ မော်ရင်ဟိုက အသင်းရလဒ်က အဓိကမကျခဲ့ကြောင်းနဲ့ အရံကစား သမားတွေကို အသုံးပြုခဲ့တာကြောင့် အနာဂတ်မှာ အသင်းရဲ့လူစာရင်းရွေးချယ်မှုအတွက် အထောက်အပံ့ဖြစ်လာစေမယ်လို့ ပြောခဲ့ပါတယ်။  ၁၆ အသင်းအဆင့်မှာ သူ့အသင်းဟာ အခုထက်ပိုပြီးတော့ တောင့်တင်းတဲ့အသင်းဖြစ်လာ မယ်လို့လည်း သတိပေးခဲ့ပါတယ်။  “ကျနော်တို့နဲ့ ဆုံရနိုင်ခြေရှိတဲ့ အုပ်စုပထမအသင်းတွေဟာ ကျနော့်အသင်းကို ရှောင်ရှား  လိုနေကြပါတယ်။ စပါးအသင်းဟာ အုပ်စုဒုတိယနဲ့ နောက်တဆင့်တက်ခဲ့တဲ့ အသင်းတွေထဲမှာ အင်အားအကောင်းဆုံး အသင်းအဖြစ်ရှိနေပါတယ်” လို့ မော်ရင်ဟိုက ဆိုပါတယ်။  “လာမယ့်ဖေဖော်ဝါရီလရောက်ရင် ကျနော့်အနေနဲ့ ကစားသမားတွေအကြောင်း ပိုသိလာ မှာဖြစ်ပြီးတော့ ကစားသမားတွေဟာလည်း ကျနော်လိုချင်တဲ့ပုံစံကို ပိုပြီးနားလည်လာမှာဖြစ်ပါ တယ်။ ဒီပြိုင်ပွဲအတွက် နောက်ထပ်နှစ်လ အတူအလုပ်လုပ်ဖို့ရှိနေပြီးတော့ အဲ့ဒီအချိန်ကျရင် အခုထက်ပိုပြီးတော့ တောင့်တင်းလာမှာ အသေအချာပါပဲ” လို့ စပါးနည်းပြသစ်မော်ရင်ဟိုက သတိပေးပြောဆိုခဲ့ပါတယ်။  ဘိုင်ယန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဘိုင်ယန်အသင်းက ကစားကွက်အသာစီးနဲ့ စပါးအသင်းကို ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပေမယ့် စပါးအသင်းဘက်ကလည်း ရလဒ်ပြောင်း လဲသွားနိုင်စေမယ့် အခိုက်အတန့်တွေကို ဖန်တီးနိုင်ခဲ့တယ်လို့ မော်ရင်ဟိုက ယုံကြည်နေပါတယ်။  ဒါ့ကြောင့် နောင်လာမယ့်ချိန်ပီယံလိဂ်ပြိုင်ပွဲအဆင့်တခုမှာ ဘိုင်ယန်မြူးနစ်နဲ့ ထပ်မံဆုံတွေ့ ချင်တယ်လို့လည်း မော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။   
1 year Ago
Up