ချန်ပီယံလိဂ်လူစာရင်

May 22, 2020

ချန်ပီယံလိဂ်လူစာရင်းမှ ချန်လှပ်ခဲ့သည့် နည်းပြဘိုအာ့စ်ကို မမေ့ဟု လူကာကူပြော

ချဲလ်ဆီးအသင်း ချန်ပီယံလိဂ်ဆုဖလားရယူနိုင်ခဲ့စဉ်က အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့တဲ့ နည်းပြ ဘိုအာ့စ်ကို  မေ့နိုင်မှာမဟုတ်ကြောင်း လူကာကူကပြောပါတယ်။ လူကာကူဟာ ၂၀၁၁ ခုနှစ်က ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့ခဲ့ပြီး နည်းပြ ဘိုအာ့စ်က ချန်ပီယံလိဂ်လူစာရင်းမှာ ချန်လှပ်ထားခဲ့တာပါ။  အဲဒီနောက်ပိုင်းမှာ ရလဒ်ဆိုးခဲ့တာကြောင့် အသင်းက နည်းပြဘိုအာ့စ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဒီမက်တီယိုကို ခန့်အပ်ခဲ့ပါတယ်။  နည်းပြဒီမက်တီယိုဟာ ၂၀၁၂ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူပြီး ချန်ပီယံဆုဖလား ရယူပေးခဲ့ပါတယ်။  လူကာကူဟာ  ဗိုလ်လုပွဲကစားမယ့် မြူးနစ်အထိ လိုက်ပါခဲ့ပေမယ့် ပြိုင်ပွဲလူစာရင်းမှာတော့ ပါဝင်ခွင့်မရှိခဲ့တာပါ။  အဲဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့ နည်းပြ ဘိုအာ့စ်ကို မေ့နိုင်မှာမဟုတ်ဘဲ ချန်ပီယံလိဂ်ဆုဖလားကို လည်း လက်နဲ့တောင်မထိခဲ့ကြောင်း လူကာကူကပြောပါတယ်။  အသက် ၁၉ နှစ်အရွယ် ကစားသမားတဦးအနေနဲ့ ချန်ပီယံလိဂ်ဆုဖလားနဲ့ အောင်ပွဲခံဖို့က ရည်မှန်း ချက်ဖြစ်ပေမယ့် လူစာရင်းမှာမပါဝင်ခဲ့တာကြောင့်  အောင်ပွဲခံခြင်းမရှိခဲ့ဘူးလို့ လူကာကူက ပြောပါတယ်။  လူကာကူဟာ အဲဒီနောက်ပိုင်းမှာ အဲဗာတန်၊ မန်ယူအသင်းတွေမှာ ကစားခဲ့ပြီး လက်ရှိအချိန်မှာတော့ အင်တာမီလန်မှာ ကစားနေပါတယ်။
11 months Ago
Up