ဥရောပချန်ပီယံလိဂ် လက်ကျန်ပွဲစဉ်တွေကို ပြည်ပနိုင်ငံမှာ ထွက်ကစားသွားမယ်လို့ ပီအက်စ်ဂျီအသင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြင်သစ်နိုင်ငံမှာ စက်တင်ဘာလအထိ အားကစားပြိုင်ပွဲတွေကို ကျင်းပခွင့် ပိတ်ပင်လိုက်တာကြောင့် ဘောလုံးပွဲစဉ်တွေလည်း ကျင်းပခွင့် မရတော့တာပါ။
ဥရောပချန်ပီယံလိဂ်ပွဲစဉ်တွေကတော့ လာမယ့် သြဂုတ်လမှာ ပြန်လည်စတင်မှာပါ။ ပီအက်စ်ဂျီအသင်းဟာ ၁၆ သင်းအဆင့်မှာ ဒေါ့မွန်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်ခဲ့ပြီး အိမ်ကွင်းပွဲစဉ်ကို တခြားနိုင်ငံမှာ ကစားရမှာပါ။
ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ နက်စ်ဆာအယ်လ်ခါလီဖီကလည်း ပြင်သစ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဘယ်နိုင်ငံမှာ အိမ်ကွင်းအဖြစ် ကစားမယ်ဆိုတာ မကြေညာသေးပေမယ့်လည်း ကစားသမားတွေနဲ့ ဝန်ထမ်းတွေအတွက် လုံခြုံစိတ်ချရမယ့် နိုင်ငံကကွင်းကို ရွေးချယ်မယ်လို့ သတင်းထုတ်ပြန်ပါတယ်။
တခြား ပြင်သစ်ကလပ် လိုင်ယွန်အသင်းဟာလည်း ဂျူဗင်တပ်စ်ကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်တက်ခဲ့ရင်တော့ အိမ်ကွင်းပွဲစဉ်ကို ပြည်ပနိုင်ငံမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။
10 months Ago