ချန်ပီယံလိဂ်ရှုံးထွက်

February 20, 2020

ချန်ပီယံလိဂ် ရှုံးထွက်ပထမကျော့ပွဲစဉ်တွင်  အတ္တလန်တာ နိုင်ပြီး စပါးစ် ရှုံးပွဲတွေ့

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ်ရှုံးထွက် ပထမအကျော့ပွဲစဉ်တွေမှာ အတ္တလန်တာအသင်းကနိုင်ပြီး  စပါးစ်အသင်းရှုံးပွဲ တွေ့သွားပါတယ်။ အီတလီကလပ် အတ္တလန်တာက အိမ်ကွင်းမှာ ဗယ်လန်စီယာကို ၄ ဂိုး ၁ဂိုးနဲ့ ဂိုးပြတ်နဲ့ နိုင်လို့ နောက်တဆင့် တက်ဖို့ အခြေအနေ ကောင်းသွားပါတယ်။ တော့တင်ဟမ် ဟော့စပါးစ်က အိမ်ကွင်းမှာ  လိုက်ဇစ်ကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးသွားပါတယ်။ ဒီပွဲမှာစပါးစ် ဂိုးသမား လောရစ် လက်စွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ စပါးစ်က ဒုတိယအကျော့ပွဲစဉ်ကို အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်လို့ ရုန်းကန်ရဖွယ် ရှိနေပါတယ်။ 
1 year Ago
Up