ချန်ပီယံလိဂ်ဖလား

November 16, 2020

မက်ဆီနှင့်အတူ ချန်ပီယံလိဂ်ဖလားထပ်ရရန် ဘာစီလိုနာ ဥက္ကဋ္ဌလောင်း နဒဲလ်မျှော်လင့်

မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းနဲ့အတူ နောက်ထပ်ချန်ပီယံလိဂ်ဆုဖလား ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်တယ်လို့ တင်းနစ်အကျော်အမော် ရာဖေးနဒဲလ်က ပြောပါတယ်။ မက်ဆီဟာ အခုနှစ် နွေရာသီကာလက အသင်းပြောင်းရွှေ့ဖို့ ပြင်ဆင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းက လျော်ကြေး တောင်းဆိုခဲ့တာကြောင့် အဆင်မပြေဖြစ်ခဲ့ရတာပါ။ ဘာစီလိုနာအသင်းဥက္ကဋ္ဌရာထူးအတွက် လျှောက်ထားရာမှာပါဝင်ခဲ့တဲ့နဒဲလ်ဟာ ဘာစီလိုနာနဲ့ မက်ဆီကို အားပေးတဲ့ ပရိသတ်တစ်ဦး ဖြစ်ပါတယ်။ မက်ဆီရဲ့ ခြေစွမ်းက အမြဲတမ်းအကောင်းဆုံးဖြစ်နေတယ်လို့ ခံစားမိပြီး အသင်းမှာ ဆက်ရှိအောင် လုပ်ဆောင်နိုင်မယ်ဆိုတာ သေချာမသိပေမယ့် အသင်းမှာဆက်ရှိဖို့ ကြိုးပမ်း မယ်လို့ နဒလ်ကပြောပါတယ်။  ပရိသတ်တွေဘက်က အခွင့်အရေးပေးဖို့မျှော်လင့်ပြီး မက်ဆီကို နောက်ထပ် ချန်ပီယံလိဂ်ဆုဖလားတစ်လုံးနဲ့ အတူမြင်တွေ့ချင်တယ်လို့ နဒဲလ်ကပြောပါတယ်။  နောက်ထပ် ဘလွန်းဒီအော ဆုထပ်မံရယူပြီး စိတ်လူပ်ရှားစရာ စီမံကိန်းတစ်ခု လုပ်ဆောင်သွားမယ်လို့ နဒဲလ်က ပြောပါတယ်။
7 months Ago

August 24, 2020

ချန်ပီယံလိဂ်ဖလားကို ဘိုင်ယန်မြူးနစ် ၆ ကြိမ်မြောက်ဆွတ်ခူး (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ပီအက်စ်ဂျီအသင်းကို ၁ ဂိုးတည်းနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို သိမ်းပိုက်သွားပါတယ်။  ဒီပွဲမှာ ဘိုင်ယန်မြူးနစ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပြီး ပီအက်စ်ဂျီက နေမာ၊ ဒီမာရီယာနဲ့ အန်ဘာပေးတို့ရဲ့ ကန်ချက်တွေကို ဘိုင်ယန်မြူးနစ် ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။  ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ဒုတိယပိုင်း ၅၉ မိနစ်လောက်မှာ ကိုးမန်က ခေါင်းတိုက်သွင်းယူပါတယ်။  ဘိုင်ယန်မြူးနစ်အတွက် ၂၀၁၂-၂၀၁၃ နောက်ပိုင်းမှာ ချန်ပီယံလိဂ်ဆုကို ပထမဆုံး ရယူနိုင်တာပါ။ အခု ချန်ပီယံဆုဟာ ဘိုင်ယန်မြူးနစ်အတွက် သမိုင်းတလျှောက် ၆ ကြိမ်မြောက်ရယူနိုင်တာ ဖြစ်ပါတယ်။ 
10 months Ago
More News
Up