ဒီမနက်အစောပိုင်းကန်သွားတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ချဲလ်ဆီးအသင်းက ပြင်သစ်လီဂူးကလပ် ရင်းနက်စ်အသင်းကို ၃ ဂိုးပြတ်နဲ့ နိုင်ရသွားပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးတွေ ခြေစွမ်းပြနိုင်ခဲ့ကြပြီး တီမိုဗာနာက ဦးဆောင်ဂိုး ၂ ဂိုးကို ပင်နယ်တီကနေသွင်းယူခဲ့ကာ ဒုတိယပိုင်းမှာ တမ်မီအေဗရာဟမ်က အသင်းအတွက် နောက်ထပ်အနိုင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးအသင်းရဲ့နောက်တန်းဟာလည်း ဂိုးမပေးရအောင် ပုံစံကောင်းကို ဆက်လက်ပြနိုင်ခဲ့ပြီး ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စု ပထမ ၃ ပွဲအပြီးမှ ရမှတ် ၇မှတ်နဲ့ အုပ်စုမှာ ဦးဆောင်နေပါတယ်။
ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲမှာ ၁၁ ဂိုးအထိ ပေးခဲ့ရတာဖြစ်ပြီး ဒီအခြေအနေကြောင့်လမ်းပတ် အသင်းရဲ့ခံစစ်နဲ့ပတ်သတ်လို့ မေးခွန်းထုတ်ခံခဲ့ရပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ပွဲရလဒ်ကြောင့် ချဲလ်ဆီးအသင်းဟာ ပြိုင်ပွဲစုံ ၅ ပွဲဆက်တိုက် ဂိုးမပေးရတဲ့စံချိန်ကို လိုက်မှီသွားခဲ့ပြီဖြစ်ပြီး အသင်းခံစစ်နဲ့ ပတ်သတ်တဲ့ သံသယတွေကိုလည်း ချေဖျက်ပြနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းရဲ့ ခံစစ်စွမ်းဆောင်ရည်မြင့်တက်လာတာဟာ ဂိုးသမားသစ်မန်ဒီ အသင်းကို ရောက်လာတာနဲ့လည်းသက်ဆိုင်နေပြီး ဒီဂိုးသမားဟာ ချဲလ်ဆီးအသင်းအတွက် ၇ ပွဲကစားကာ ၁ ဂိုးပဲပေးရပါသေးတယ်။
3 months Ago