ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပဲ့ AFC ချန်ပီယံရှစ် အာရှဖလား ယူ-၂၃ ဘောလုံးပြိုင်ပွဲမှာ အိမ်ရှင် ထိုင်းအသင်းနဲ့ အီရတ်အသင်းတို့ တဖက် တဂိုးစီ သရေကျသွားပါတယ်။
ဒီပွဲမှာ ထိုင်းအသင်းက ပထမပိုင်း ၆ မိနစ်မှာ ပင်နယ်တီရပြီး တဂိုးအသာနဲ့ ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ပွဲချိန် ၄၉ မိနစ်မှာပဲ အီရတ်အသင်းက မိုဟာမက်ကွာဆန်က ချေပဂိုး သွင်းယူနိုင်ခဲ့ပြီး တဖက်နဲ့ တဖက် ဂိုးထပ်မသွင်းနိုင်ကြလို့ သရေကျသွားခဲ့တာပါ။
ထိုင်းအသင်းက ဒီပွဲမှာ သရေကျခဲ့ပေမယ့် ၃ ပွဲကစား ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရမှတ် ၄ မှတ်နဲ့ အုပ်စု ဒုတိယနဲ့ ကွာတားဖိုင်နယ် တက်သွားပါတယ်။
အလားတူ ဩစတေးလျအသင်းကလည်း ဘာရိန်းနဲ့ အသင်းနဲ့ တဖက် တဂိုးစီ သရေကျပြီး ရမှတ် ၅ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
3 years Ago