ချန်ပီယံဖြစ်နိုင်ချေ

November 22, 2020

မန်စီတီးကို အနိုင်ရရှိခဲ့ပြီးနောက် စပါးအသင်း၏ ချန်ပီယံဖြစ်နိုင်ချေကို မော်ရင်ဟိုဖွင့်ဟ

လိဂ်ရဲ့အင်အားကြီး ပြိုင်ဘက်အသင်းတသင်းဖြစ်တဲ့ မန်စီတီးအသင်းကို အနိုင်ရရှိခဲ့ပေမယ့် တော့တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ယှဉ်ပြိုင်ဖို့ အသင့်မဖြစ်သေးဘူးလို့ စပါးနည်ပြ မော်ရင်ဟိုက ထပ်မံပြောဆိုလိုက်ပါတယ်။  စနေနေ့ညပွဲမှာ စပါးအသင်းက ဆွန်ဟောင်မင်၊ လိုဆယ်လိုတို့ရဲ့ သွင်းဂိုးတွေနဲ့ မန်စီတီးအသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီရလဒ်ကြောင့် အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါဟာ မော်ရင်ဟိုရဲ့ စပါးနည်းပြသက်တမ်းအတွင်း ပထမဆုံးအကြိမ် အမှတ်ပေးဇ ယားထိပ်ဆုံးကို ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ ရာသီအဖွင့်ပွဲစဉ်မှာ အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် မော်ရင်ဟိုရဲ့ စပါးအသင်းဟာ အထင်ကြီးစရာကောင်းလောက်အောင် ခြေစွမ်းပြကာ နိုင်ပွဲတွေကိုလည်း ရယူနိုင်ခဲ့ပါတယ်။  ဒါပေမယ့် ဝက်စ်ဟမ်းအသင်းကို ၃ ဂိုးပြန်ပေးရကာ သရေကျခဲ့ခြင်းနဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် နယူးကာဆယ်နဲ့ပွဲမှာ အမှတ်လျော့ရတာတို့နဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။  ဒီလိုမျိုးသာ မကြုံတွေ့ခဲ့ရရင် မော်ရင်ဟိုရဲ့အသင်းဟာ အမှတ်ပေးဇယားမှာ ဒီ ထက်ပိုပြတ်သားတဲ့ ရလဒ်ကိုရရှိထားမှာလည်း ဖြစ်ပါတယ်။ အသင်းက ဒီလိုအနေအထားမျိုးမှာ ရှိနေပေ‌မဲ့ မော်ရင်ဟိုကတော့ စပါးအသင်းကို လီဗာပူး၊ ချဲလ်ဆီးတို့ရဲ့အပြိုင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်သူအဖြစ် အခုချိန်မှာ သတ်မှတ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။  “ဇယားထိပ်ဆုံးမှာ ရှိနေရတာ အဆင်ပြေပါတယ်။ ဒါပေမယ့် မနက်ဖြန်ကျရင်တော့ ကျနော် တို့ ဒုတိယနေရာကိုပြန်ရောက်ရင် ရောက်လာနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီလိုဖြစ်လည်း ကျနော့်အတွက် ပြဿနာမရှိပါဘူး။ ကျနော့်အသင်းရဲ့ ဆင့်ကဲပြောင်းလဲမှုတွေအတွက် ဝမ်းမြောက်မိပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် သူ့အသင်းဟာ ဆုဖလားကို စိန်ခေါ်ဖို့ တိုက်ခိုက်နေတာမဟုတ်ဘဲ ပွဲတိုင်းအနိုင်ရရေးအတွက် လုပ်ဆောင်နေတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။  “လူတွေက ကျနော်တို့ဇယားထိပ်ဆုံးကိုရောက်လာဖို့၊ ကျနော့်ရဲ့ ဒုတိယရာသီမှာ ဖလားကို စိန် ခေါ်နိုင်တဲ့အသင်းဖြစ်လာဖို့ မျှော်လင့်ခဲ့ကြတာမဟုတ်ပါဘူး။ ကျနော်တို့ ဆုဖလားကိုစိန်ခေါ်ဖို့ တိုက်ခိုက်နေတာလည်း မဟုတ်ပါဘူး။ ကျနော်တို့ ပစ်မှတ်က ပွဲတိုင်းကို အနိုင်ရရှိဖို့အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ တချို့ပွဲတွေကို ရှုံးနိမ့်၊ သရေကျနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီညအတွက်တော့ ညစာဟာ စား  ကောင်းနေမှာဖြစ်ပြီး ကျနော် တီကိုနဲ့ ဘာကာနဲ့ပွဲကို ကြည့်ကာ သာသာယာယာအိပ်စက်ပါမယ်။ မနက်ဖြန် လက်စတာအသင်းက နိုင်လို့ ကျနော်တို့ ဒုတိယဖြစ်သွားရင်လည်း အေးဆေးပါပဲ။”
5 months Ago
Up