ချန်ပီယံဖြစ်ခွင့်မပေ

July 2, 2020

လာမည့်နှစ်တွင် လီဗာပူးကို အလွယ်တကူချန်ပီယံဖြစ်ခွင့်မပေးဟု ဂွါဒီယိုလာပြော

လာမယ့်ရာသီမှာ လီဗာပူးအသင်းကို အလွယ်တကူ ချန်ပီယံဖြစ်ခွင့်ပေးမှာမဟုတ်တော့ဘူးလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာကပြောပါတယ်။  လီဗာပူးအသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ လက်ကျန်ပွဲစဉ် ၇ ပွဲ အလိုမှာပဲ ချန်ပီယံဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ အစောဆုံးချန်ပီယံဖြစ်ခဲ့တာပါ။  ဒုတိယနေရာက မန်စီးတီးအသင်းဟာ လီဗာပူး နဲ့ ၂၃ မှတ်အထိ ကွာဟခဲ့တာကြောင့် လက်ကျန် ၇ ပွဲအလိုမှာ လီဗာပူးကချန်ပီယံဖြစ်ခဲ့တာပါ။  လာမယ့်ရာသီမှာတော့ အဲဒီလို အမှတ်တွေ အများကြီး ပြတ်ကျန်ပြီး အလွယ်တကူ ချန်ပီယံ မဖြစ်အောင် ကြိုးပမ်းရမှာဖြစ်ကြောင်း၊ ချန်ပီယံ မဖြစ်တဲ့တိုင်အောင် အနီးဆုံးပြိုင်ဘက် အသင်းဟာလည်း ဘယ်လောက်ကောင်းမွန်သလဲဆိုတာ ပြသရမယ်လို့ ဂွါဒီယိုလာကပြောပါတယ်။  အခုနှစ်ရာသီမှာ စွမ်းဆောင်ခဲ့တဲ့ လီဗာပူး အသင်းရဲ့ ခြေစွမ်းကိုတော့ ဂွါဒီယိုလာက ချီးကျူးသွားခဲ့ပြီး တိုက်စစ်ကိုပဲ ဦးတည်ကစားတဲ့ ဂျာဂန်ကလော့ပ်ရဲ့ ကစားကွက်ဟာ ဘောလုံးလောကအတွက်လည်း အကျိုးရှိတယ်လို့ ပြောပါတယ်။ 
10 months Ago
Up