ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဆုဖလားတွေကို အကောင်းဆုံး စိန်ခေါ် နိုင်တယ်လို့ ကစားသမားဟောင်း ဂျိုကိုးက သုံးသပ်ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ အခုနှစ်ရာသီအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၂၀ အထိ အသုံးပြုခဲ့ပြီး ကစားသမားကောင်းတွေကိုခေါ်ယူ အားဖြည့်ခဲ့တာပါ။
ခံစစ်ပိုင်းမှာ ဂိုးသမားမန်ဒီ၊ သီယာဂိုဆေးလ်ဗားနဲ့ ဘင်ချီဝဲလ်တို့ကို ခေါ်ယူအားဖြည့်ခဲ့တာ က ပိုပြီး တောင့်တင်းသွားစေတယ်လို့ ဂျိုကိုးက ပြောပါတယ်။
ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ဆုဖလားတွေကို ချဲလ်ဆီးအသင်းက အကောင်းဆုံး စိန်ခေါ် နိုင်ပြီး ချဲလ်ဆီးအသင်းမှာ သိသာတဲ့ အားနည်းချက်ဆိုတာ မရှိဘဲ ပိုမိုတိုးတက်လာဖို့ပဲ ရှိတယ်လို့ လည်း ဂျိုကိုးက သုံးသပ်ခဲ့ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းအပြင် တခြားအင်္ဂလိပ်ကလပ်တွေကိုလည်း လျော့တွက်လို့ မရကြောင်း ဂျိုလ်ကိုးက သုံးသပ်ခဲ့ပြီး လိဂ်ရဲ့အဆင့်အတန်းနဲ့ ပြိုင်ဆိုင်မှုပြင်း ထန်တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
5 months Ago