ချန်ကင်မန်

March 14, 2020

ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် အကျဉ်းထောင်မှ လွတ်မြောက်

ဟောင်ကောင် ဒီမိုကရေစီ လှုပ်ရှားသူတဦးဖြစ်တဲ့ ချန်ကင်မန်ဟာ မတ် ၁၄ ရက်မှာ အကျဉ်းထောင်ကနေ ပြန်လွတ်လာတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။  ပြည်သူအားလုံး မဲပေးခွင့်အတွက် တောင်းဆိုလှုပ်ရှားခဲ့တဲ့ ၂၀၁၄ ‘Umbrella’ လှုပ်ရှားမှုရဲ့ ခေါင်းဆောင်ပိုင်းမှာ ပါဝင်ခဲ့တဲ့ ချန်ဟာ ထောင်ကျခဲ့တဲ့အတွက် နောင်တမရဘူးလို့လည်း ပြောပါတယ်။ ချန်ဟာ လူမှုဗေဒပညာရှင်တဦး ဖြစ်ပြီး ဟောင်ကောင်မြို့တော်မှာ ၇၉ ရက်တာ ကြာမြင့်ခဲ့တဲ့ ထိုင်သပိတ် ဆန္ဒပြတာတွေ၊ အဓိကလမ်းမကြီးတွေကို ပိတ်ဆို့ ဆန္ဒပြတာတွေ လုပ်ခဲ့တဲ့ အဲဒီလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့လို့၊ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမှုနဲ့ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ကာ မနှစ်တုန်းက ထောင်ဒဏ်ကျခံခဲ့ရတာပါ။  မကြာမီကဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပြီး ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်လှုပ်ရှားသူတွေကို သွားရောက်တွေ့ဆုံအားပေးမယ်၊ တရားစွဲဆိုချက်တွေနဲ့ ရင်ဆိုင်ရရင်လည်း စိတ်ဓာတ်ပိုင်းအရ ဘယ်လို ပြင်ဆင်ရမယ်ဆိုတဲ့ အတွေ့အကြုံတွေကိုလည်း ဝေမျှချင်တယ်လို့ အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ ချန်က ပြောခဲ့တယ်။
2 years Ago
Up