ချစ်ကြည်ရေး တံတား

January 24, 2021

မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ် ၂ ပေါ်မှ မြန်မာယာဉ်မောင်း ၁ ဦး ခုန်ချသေဆုံး

မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ် ၂ ပေါ်ကနေ မြန်မာယာဉ်မောင်းတစ်ဦး ခုန်ချသေးဆုံးမှု ဖြစ်ခဲ့တယ်လို့ မြဝတီမြို့မ ရဲစခန်းက သိရပါတယ်။ ထိုင်းနိုင်ငံထုတ်ကုန် မုန့်မျိုးစုံကို မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် ၂ ကနေ ထိုင်းနိုင်ငံဘက် သွားရောက်သယ်ယူပြီး မြဝတီမြို့အပြန်မှာ ဇန်နဝါရီ ၂၃ ရက်နေ့ ၁၂ နာရီ ကျော်လောက်က အမြင့်ပေ ၅၀ လောက်ရှိ တံတားပေါ်ကနေ သောင်ရင်းမြစ်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသူ ကိုထူး အသက် ၃၆ နှစ်ဟာ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ရွှေမြဝတီစျေးအရှေ့ မှာ နေထိုင်သူဖြစ်ပြီး ရုပ်အလောင်းကို ထိုင်းနဲ့မြန်မာတာဝန်ရှိသူတွေက သောင်ရင်းမြှစ်ထဲက ဆယ်ယူပြီး မြဝတီမြို့ ဆေးရုံကြီးမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့စျေးကြီးအနီးမှာ ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း ရွှေ့ပြောင်းမြန်မာပြည်သားအချင်းချင်း ဓားထိုးမှုကြောင့် တစ်ဦးသေဆုံးခဲ့ပါတယ်။
9 months Ago
Up