ချင်းသတင်းစာတိုက် မီးလောင်

June 24, 2020

ကလေးမြို့ရှိ Lairawn Post  ချင်းသတင်းစာတိုက် မီးလောင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြို့လှရပ်ကွက်မှာရှိတဲ့ Lairawn Post သတင်းစာတိုက်မှာ ဇွန် ၂၃ ရက် ညနေ ၄ နာရီလောက်က  မီးလောင်မှုဖြစ်ပွားပြီး စက်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးသွားပါတယ်။  မီးလောင်မှုကြောင့် ပုံနှိပ်စက် ၁ လုံး၊ Riso Copier ၁ လုံး၊  ကွန်ပျူတာ ၂ လုံး နဲ့ ပုံနှိပ်စက္ကူတွေ မီးလောင်ပျက်စီးသွားတယ်လို့  အဆိုပါသတင်းစာတိုက်က ထုတ်ဝေသူ ကိုဆေထွန်က ဒီဗွီဘီကို ပြောပါတယ်။  သတင်းစာတိုက်ပိတ်ထားချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုလာဘက်ထရီ အင်ဗက်တာကနေတဆင့်  မီးစတင်လောင်တာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။  မီးလောင်မှုကို ကလေးမြို့မှ မီးသတ်တပ်ဖွဲ့က လာရောက် မီးငြှိမ်းသတ်ခဲ့ရာမှာ  ၄ နာရီ ၁၀ မိနစ် ၁၀ လောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။ Lairawn Post သတင်းစာဟာ ချင်း(ဖလမ်း)ဘာသာနဲ့  နှစ်ရက်တစ်ကြိမ် စောင်ရေ ၁၀၀၀ လောက် ထုတ်ဝေတဲ့ သတင်းစာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကြောင့် ပြီးခဲ့တဲ့ သင်္ကြန်ကာလ ဧပြီလကတည်းက သတင်းစာထုတ်လုပ်မှုကို ရပ်နားထားပါတယ်။ ဓာတ်ပုံ-Zalen
12 months Ago
Up