ချင်းလဲန်းကာကွယ်ရေးတပ်

May 4, 2021

ဟားခါးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ထပ်မံသေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့၊ အမှတ် ၆ လမ်းဆုံ လုံခြုံရေးဂိတ်မှာ မေလ ၃ ရက် ည ၁၁ နာရီကျော်မှာ ဟားခါးဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲဖြ်ပြီး စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

မေလ ၂ ရက်နေ့ကလည်း နှစ်ဘက် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးခဲ့ပေမယ့် ဟားခါးဒေသခံကာကွယ်ရေးတပ်ကတော့ ထိခိုက်သေဆုံးမှုမရှိဘူးလို့ အဲဒီတပ်ရဲ့ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒေသခံ အယောက် ၆၀ နီးပါးကို ပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်က မလိုက်လျောတဲ့အတွက်ကြောင့် မေလ ၂ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ် ၉ မြို့မှာ စစ်ကောင်စီရဲ့အကြမ်းဖက်မှုကို ကာကွယ်ဖို့ Chinland Defense Force  (CDF) ကို ပြီးခဲ့တဲ့လကတည်းက ဖွဲ့စည်းထားပါတယ်။

7 days Ago

April 30, 2021

ချင်းလဲန်းကာကွယ်ရေးတပ်(ပလက်ဝ) ဖွဲ့စည်း

မတရားအာဏာသိမ်းထားတဲ့ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ဘေးရန်ကနေ  ကာကွယ်ဖို့ ချင်းလဲန်းကာကွယ်ရေးတပ်(ပလက်ဝ)  Chinland Defense Force(Paletwa)ကို ဧပြီ ၂၈ ရက်မှာ  စတင် ဖွဲ့ စည်းလိုက်ပါတယ်။

CDF(ပလက်ဝ)ဟာ  ဧပြီ ၄ ရက်နေ့က ချင်းတိုင်ရင်းသားတွေ စုပေါင်းတည်ထောင်လိုက်တဲ့ CDFနဲ့အတူ အာဏာသိမ်းစစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် မိမိတို့ မြို့နယ်ဒေသအစုံရှိ စိတ်အားထက်သန်တဲ့ လူငယ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်း ပါဝင်လာအောင်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) အပါအဝင် သက်ဆိုင်ရာအဖွဲ့စည်းတွေနဲ့ပူးပေါင်းပြီး ချင်းလဲန်းဒေသအတွင်း တရားစီရင်ရေး၊ ဥပဒေပြုရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေကို ချင်း အက်ဥပဒေ၊ချင်းရိုရာဓလေ့ထုံးတန်းနဲ့ ကျင့်သုံးသွားမယ်လို့လည်းဆိုပါတယ်။

အာဏာသိမ်းအကြမ်းဖက်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ချင်းလဲန်းပြည်သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဆက်လက်လုပ်ဆောင်နေပါက နည်းမျိုးစုံနဲ့ ခုခံတော်လှန်သွားမှာဖြစ်တယ်လို့ CDF(ပလက်ဝ)က ဧပြီ ၂၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

2 weeks Ago
Up