ချင်းမိုင်အသုဘ

A d v e r t i s e m e n t With Us

December 31, 2020

ချင်းမိုင်အသုဘတစ်ခုတွင် ဘတ်ငွေ ၁,၀၀၀ စီဝေငှသဖြင့်  ကြိတ်ကြိတ်တိုးစည်ကား

ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ကာလ အသုဘအခမ်းအနားတွေမှာ လူနည်းနည်းနဲ့ အကျဉ်းချုံးသာကျင်းပကြပေမယ့်  ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မယ့်လိမ်းမြို့နယ်ရှိ အသုဘ တစ်ခုမှာတော့ လူတွေရာနဲ့ချီရောက်လာပြီး ကြိတ်ကြိတ်တိုး စည်ကားခဲ့ပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ မယ့်လိမ်းမြို့နယ် ဘန့်ဒွန်းရပ်ကွက်က အသက် ၉၃ နှစ်ရွယ်ရှိ  ခမ်းဆိုင် ဝေါ်ရထမ်း အမည်ရှိ အမယ်အိုတစ်ယောက်ရဲ့ အသုဘအခမ်းအနားပါ။ အဘွား ခမ်းဆိုင်ဟာ ရပ်ကွက်ဈေးပိုင်ရှင်တစ်ယောက်ဖြစ်ပြီး သူတစ်သက်လုံး စုဆောင်းလာ ခဲ့တဲ့ငွေတွေကို သူသေဆုံးသွားရင် အသုဘလာတဲ့သူတွေကို ဝေငှပေးဖို့  တူတူမတွေကို မှာကြား ထားခဲ့ပါတယ်။  ဒါကြောင့် သူ့အသုဘအခမ်းအနားရောက်လာသူတိုင်းကို တစ်ဦးလျှင် ဘတ် ၁၀၀၀ စီ ( ကျပ် ၄ သောင်းကျော် ) ဝေငှပေးဖို့ ကျန်ရစ်သူမိသားစုက စီစဉ်ခဲ့ပြီး အသုဘမှာ သိတဲ့သူတွေရော မသိတဲ့သူတွေပါ လူ ၁၀၀၀ ကျော် လာရောက်ခဲ့ကြပါတယ်။  အဲဒီလိုဝေငှရာမှာ စုစုပေါင်းငွေ ဘယ်လောက်ထိဝေမယ်ဆိုတာ ကန့်သတ်ထားတာမရှိဘဲ လူတိုင်းကို ၁၀၀၀ စီဝေငှတာကြောင့် ဘတ် ၁ သန်းကျော် ကုန်ခဲ့တယ်လို့ တူသား တစ်ယောက်က သတင်းထောက်ကို ပြောပါတယ်။  အသုဘမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်တာ ၊ လက်ဆေး ဂျယ်ထားပေးတာ၊ တစ်ဦးနဲ့ တစ်ဦး ခပ်ခွါခွါနေဖို့ သတ်မှတ်ထားခဲ့ပါတယ်။ အသုဘ ပန်း ပွင့်သွားချစဉ်  လူတန်း ၄ တန်းခွဲပြီး တန်းစီစေခါ ပြန်ထွက်ခါနီးမှာ ငွေအိတ်တွေ ဝေငှခဲ့တာဖြစ်ပြီး ငွေရပြီးသူတွေ နောက်တစ်ကြိမ် လာပြီးမယူနိုင်အောင်တော့ လက်ဖမိုးမှာ မှင်တွေခြစ်ပေး လိုက်တယ်လို့  ချနယ်လ် ၈ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 
2 months Ago
Up