ချင်းမိုင်ခရိုင်

August 19, 2020

ချင်းမိုင်ခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသား ၄၃ ဦး ဖမ်းဆီးခံရ

  ထိုင်းနို်ငငံ၊ ချင်းမိုင်ခရိုင် အုမ်းကွယ်မြို့နယ်ထဲမှာ ဩဂုတ်လ ၁၇ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၃ ဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းပီဘီအက်စ် သတင်းမှာ ဖော်ပြပါတယ်။  အမှတ် ၃၆ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့ ညက အုမ်းကွယ်မြို့နယ် မယ့်တိန်အုပ်စုရှိ မယ့်တိန်-ဘန့်မယ့်ဒွေကားလမ်းအပိုင်းမှာ စောင့်ကြပ်စစ်ဆေးစဉ် တရားမဝင်သူတွေ တင်ဆောင်လာတဲ့ ကားတစ်စီးကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။  စစ်ဆေးချက်အရ သူတို့အားလုံးဟာ မြဝတီဘက်ကနေ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲသို့ တောလမ်းကနေဝင်ရောက်လာကြောင်း၊  ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့အတွက် ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၂၀၀၀  ပေးရပြီး သူတို့က ကားနဲ့ မဲဆောက်ကို လာကြိုကြောင်း၊ ကားသမားက မဲဆောက်ကနေ မယ်လမတ်၊ ထာ့ဆောင်ယန်း စတဲ့မြို့ နယ်တွေဖြတ်ပြီး ချင်းမိုင်ခရိုင်ဘက်ကနေ ပတ်ခေါ်လာခဲ့ပေမယ့်လည်း အုမ်းကွယ်မှာ ဖမ်းဆီးခံရ တာလို့ ဆိုပါတယ်။  တာဝန်ရှိသူတွေက သူတို့အားလုံးကို တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူသွားမှာဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်မှုရှိမရှိလည်း စစ်ဆေးခဲ့ရာမှာ ကနဦးစစ်ဆေးချက်အရ တစ်ဦးမှ  ကူးစက်မှုမရှိပေမဲ့ ပေါ့ဆလို့မရဘဲ နယ်စပ်အဝင်အထွက်တွေ ပိုမိုကြပ်မတ်ဖို့ လိုအပ်ကြောင်း ချင်းမိုင်ခရိုင် ပြည်သူ့ကျန်းမာရေးဉီးစီးမှူးက မီဒီယာတွေကို ပါတယ်။  ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကလည်း ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ မယ်ဆိုင်ချောင်းကို ဖြတ်ပြီး ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂ ဦးနဲ့  ထိုင်း ဘက်ကနေ တာချီလိတ်ဘက်ကိုကူးမယ့် ထိုင်းလူမျိုး ၄ ဦးတို့ ဖမ်းဆီးအရေးယူခံခဲ့ရတယ်လို့  မယ်ဆိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။  ကိုးကား - Thai PBS
8 months Ago

May 6, 2020

ချင်းမိုင်ခရိုင်တွင် COVID-19 လူနာအားလုံး ဆေးရုံကဆင်း 

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ထဲမှာ ဆေးရုံတက်နေရတဲ့ COVID-19 လူနာတဦးအားလုံး ရောဂါကင်းစင်လို့ ဆေးရုံက ဆင်းသွားပြီဖြစ်ပြီး ဆေးရုံမှာ တယောက်မှ မကျန်တော့ဘူးလို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။  ချင်းမိုင်ခရိုင်ထဲမှာ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၄၀ ရှိခဲ့ပြီး ဆေးရုံမှာ တက်ရောက် ကုသနေတဲ့ နောက်ဆုံးလူနာ ၁ ဦးဟာ ပြန်လည်နေကောင်းသွားလို့ မနေ့က ဆေးရုံဆင်းသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့်ဆေးရုံမှာ COVID-19  လူနာ တယောက်မှ မကျန်တော့ဘူးလို့ ချင်းမိုင်ခရိုင် လူထုကျန်းမာရေးဌာနပြောခွင့်ရ ဒေါက်တာ ကျဒူးချိုင်း မဏီးရတ်က သတင်းထောက်တွေကို ပြောပါတယ်။  ချင်းမိုင်ခရိုင်ထဲမှာ COVID-19  ကူးစက်ခံရသူ စုစုပေါင်း ၄၀ ဦးထဲက ၁ ဦး သေဆုံးကာ ၃၉ ဦး သက်သာပျောက်ကင်းခဲ့ကြောင်း၊  သံသယနဲ့ စောင့်ကြည့်ခံရသူ ၁၄၂၈ ဦးမှာလည်း ၁၃၈၂ ဦးက ရောဂါပိုးမတွေ့လို့ အိမ်ပြန်သွားကြပြီဖြစ်ပြီး သံသယလူနာ ၄၆ ဦးသာ ကျန်တော့တယ်လို့ ဆိုပါတယ်။  အခုလို ဆေးရုံမှာ COVID-19  ရောဂါဖြစ်သူ တဦးတယောက်မှ မရှိတော့ပေမယ့်လည်း  ပြည်သူတွေအနေနဲ့  စိတ်ချလက်ချ ပေါ့ဆမနေဘဲ လူတဦးနဲ့ တဦး ၁ - ၂ မီတာအကွာမှာနေကာ မျက်နှာဖုံး နှာခေါင်းစည်းတွေ တပ်ကြဖို့နဲ့  ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို ဆက်လက်လိုက်နာဆောင်ရွက်ဖို့ ဒေါက်တာကျဒူးချိုင်းက ပြောသွားပါတယ်။  ချင်းမိုင်ခရိုင်ဆေးရုံတွေမှာ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကတည်းက လူနာသစ်မတွေ့တော့ဘဲ နေ့စဉ်ထုတ်ပြန်ချက်မှာ လူနာအရေအတွက် သုညဖြစ်နေခဲ့တာပါ။  သေဆုံးသွားသူ ၁ ဦးကတော့ အသက် ၆၅ နှစ်ရွယ် အမျိုးသမီးကြီးတဦးဖြစ်ပြီး သွေးတိုးနဲ့ ကျောက်ကပ်ရောဂါအခံရှိသူ ဖြစ်ပါတယ်။  ထိုင်းနိုင်ငံမှာ ခရိုင်ပေါင်း ၇၆ ခရိုင်ရှိပြီး COVID-19 လုံးဝကူးစက်သူမတွေ့တဲ့ ခရိုင်က ၁၀ ခုသာ ရှိပါတယ်။ အဆိုပါခရိုင်တွေမှာ ကမ်ဖိုင်ဖစ် ၊ ဖိကျစ် ၊ ချိုင်းယားနတ် ၊ ရနောင်း ၊ တရတ် ၊ ဆင်းပူရီး ၊ နန့် ၊အန်ထောင်း၊ ဘင်ကန် နဲ့ ဆဒွန်းခရိုင်တွေ ဖြစ်ပါတယ်။   မေလ ၅ ရက် ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံမှာ COVID-19   ကူးစက်ခံရသူ နောက်ထပ် ၁  ဦးသာတွေ့ရှိပြီး ကူးစက်ခံရသူဦးရေမှာတော့ စုစုပေါင်း ၂၉၈၈ ဦးနဲ့ သေဆုံးသူ ၅၄ ဦး ရှိပါတယ်။ ၂၇၄၇ ဦး သက်သာပျောက်ကင်းပြီး ဆေးရုံမှာ လက်ရှိတက်ရောက်ကုသခံနေသူ ၁၈၇ ဦးရှိပါတယ်။  ကိုးကား-ချင်းမိုင်နယူးစ်
12 months Ago
Up