ချင်းတွင်းမြစ်ရေ

August 29, 2021

မုံရွာတွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်နီးလာသဖြင့် သဲအိတ်များကာရံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် နီးလာတဲ့အတွက် ကမ်းနားလမ်းမှာ သြဂုတ် ၂၉ ရက်က သဲအိတ်တွေ စီထပ်ကာရံနေတယ်လို့ မုံရွာမြို့နည်စည်ပင်သာယာရေးအဖွဲ့ကနေ သိရပါတယ်။

မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်ရေဟာ ဒီမနက်ပိုင်းက မြစ်ရေမှတ် ၉၆၃ စင်တီမီတာ ရောက်နေပြီး စိုးရိမ်ရေမှတ်ရောက်ရှိဖို့  ၁ ပေကျော် (၃၇စင်တီမီတာ)လောက်သာ လိုတော့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မုံရွာမြို့နယ်စည်ပင်နဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး  ကမ်းနားလမ်း ဇက်ကူးတို့ဆိပ်နဲ့  Denko ဆီဆိုင်အနီးတို့မှာ  သဲအိတ် ၁၀၀၀ စီထပ်ကာရံနေတာပါ။

ဒါ့အပြင် မုံရွာမြို့ရှိ ညောင်ကိုင်းအင်းရေတံခါး၊ ငါးပေါက်တွဲရေတံခါး၊ ဆည်ပေါက်တွဲရေတံခါးတို့ကိုလည်း ကွင်းဆင်းစစ်ဆေးနေတယ်လို့ သိပါတယ်။ 

Photo - မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့

5 months Ago

October 24, 2020

ချင်းတွင်းမြစ်ရေ မြို့ ၃ မြို့၏ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်

ချင်းတွင်းမြစ်ရေဟာ အခုရက်ပိုင်းအတွင်း မြို့ ၃ မြို့ရဲ့ စိုးရိမ်ရေမှတ်ရောက်ရှိနိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုပါတယ်။ ဒီနေ့ မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေဟာ ဟမ္မလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၂ ပေလောက် ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပါတယ်။ ချင်းတွင်းမြစ်ရေဟာ ဖောင်းပြင်မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၃ ပေခွဲခန့်မှာ ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပါတယ်။ ချင်းတွင်းမြစ်ရေဟာ မော်လိုက်မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၇ ပေလောက်မှာရှိနေပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်နဲ့ မော်လိုက်မြို့နယ်တို့ရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။
1 year Ago
More News
Up