ခ်ဳံပုတ္မီး

April 15, 2018

ၾသစေၾတးလ် ခ်ဳံပုတ္မီး အရေးပေါ်အခြေအနေ ကြေညာ (ရုပ်သံ)

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ မထိန်းချုပ်နိုင်သေးတဲ့ ချုံပုတ်မီးလောင်မှုကြောင့် ဧပြီ ၁၅ ရက်နေ့က အရေး ပေါ်ကြေညာချက်ထုတ်ပြန်ထားရပါတယ်။ ဧပြီ ၁၄ ရက်နေ့မှာ စတင်လောင်ကျွမ်းတဲ့ ချုံပုတ်မီးကို မီးသတ်အင်အား ၅၀၀ နဲ့ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ နယူးဆော့ဝေးလ် မီးသတ်ဌာနက ပြောပါတယ်။ လက်ရှိအချိန်ထိ ချုံပုတ်ဧရိယာ ၁၀၀၀ ဟက်တာလောက်ဟာ မီးလောင်ပျက်စီးခဲ့ပြီလို့ သိရပါတယ်။ မီးသတ်သမားတွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ မီးငြိမ်းသတ်နိုင်ရေး ကြိုးပမ်းအားထုတ်မှုကို ဧပြီ ၁၅ ရက်နေ့မှာ ၀န်ကြီးချုပ် မာကွမ် တန်ဘူလ်က ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။ ချုံပုတ်မီးကြောင့် လူနဲ့နေအိမ် ထိခိုက်ပျက်စီးမှု မရှိသေးပါဘူး။ မီးစလောင်တဲ့ အကြောင်းအရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up