ချိုင်းနားအိုးပန်း တင်းနစ်ပြိုင်ပွဲတွင် နာမည်ကြီး ရာဖယ်နဒါး နှစ်ပွဲပြတ်အနိုင်ရ

October 9, 2017

ချိုင်းနားအိုးပန်း တင်းနစ်ပြိုင်ပွဲတွင် ရာဖယ်နဒါး ဗိုလ်စွဲ

မနေ့က တရုတ်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ ချိုင်းနားအိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နာမည်ကြီး ရာဖယ် နဒါးက သြစတြေးလျက နစ်ကီရိုဂျီရိုစ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားပါတယ်။ ကမ္ဘာ့နံပါတ်တစ် နဒါးအတွက်တော့ ဒီနှစ်ရာသီထဲမှာ ၆ ကြိမ်မြောက်ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။ စပိန်သား နဒါးဟာ လိုက်အားကောင်းကောင်းနဲ့ ယှဉ်ပြိုင်နိုင်ခဲ့ပြီး ပထမပွဲမှာ Drop Shot တွေနဲ့ အမှတ်ယူနိုင်ခဲ့ပါတယ်။ ပထမပွဲကို နဒါးက ၆ - ၂ နဲ့ အနိုင်ရသွားပါတယ်။ ကမ္ဘာ့အဆင့် ၁၉ ဖြစ်တဲ့ ကီရိုဂျီရိုစ်ဟာ ဒီနှစ်ရာသီထဲမှာ ပထမဆုံး ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်ထားတာပါ။ ဒုတိယပွဲမှာတော့ အသက် ၃၁ နှစ်အရွယ် နဒါးက အမှတ်ပြတ် ဦးဆောင်ပြီး ၆ - ၁ နဲ့ အနိုင်ရသွားပါတယ်။ နဒါးအတွက်တော့ ၁၂ ပွဲဆက်တိုက် အနိုင်ရတာပါ။ အခုရတဲ့ ချိုင်းနားအိုးပန်း ချန်ပီယံဆုဟာ နဒါးအတွက်တော့ ၂၀၀၅ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ပြန်လည်ရယူနိုင်တာ ဖြစ်ပါတယ်။
4 years Ago

October 6, 2017

ချိုင်းနားအိုးပန်း တင်းနစ်ပြိုင်ပွဲတွင် နာမည်ကြီး ရာဖယ်နဒါး နှစ်ပွဲပြတ်အနိုင်ရ

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ယှဉ်ပြိုင်သွားတဲ့ ချိုင်းနားအိုးပန်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတယောက်ချင်း တတိယအဆင့်ပွဲစဉ်မှာ နာမည်ကြီး ရာဖယ် နဒါးက ရုရှားမှ ကာရန် ကာချာနော့ကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။ ကမ္ဘာ့နံပါတ်တစ်ဖြစ်တဲ့ နဒါးဟာ ပြီးခဲ့တဲ့လက ယူအက်စ်အိုးပန်း ဂရန်းစလန်း ချန်ပီယံဆုကို ပူပူနွေးနွေး ရရှိထားပါတယ်။ အသက် ၃၁ နှစ်အရွယ် နဒါးဟာ အဆင့် ၄၂ ဖြစ်တဲ့ ကာချာနော့ကို ၂ ပွဲစလုံးမှာ ၆ - ၃ နဲ့ အနိုင်ရသွားတာပါ။ ဒီပွဲနိုင်တဲ့ စပိန်သား နဒါးဟာ ကွာတားဖိုင်နယ်အဆင့်မှာ အမေရိကန်က ဂျွန် အစ်စ်နာနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up