ချဲလ်ဆီး (ရုပ်သံဟိုက်လိုက်)

November 26, 2017

ပရီးမီးယားလိဂ် လီဗာပူး ၁-၁ ချဲလ်ဆီး (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားရတဲ့ အသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးတို့ ပွဲမှာ ၁ ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒီနှစ်သင်းဟာ ပရီးမီးယားလိဂ်ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ အမှတ်ကွာဟာမှု မရှိဖို့အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြတာ တွေ့ရပါတယ်။ လီဗာပူးအသင်းဟာ အိမ်ကွင်းဖြစ်တာနဲ့အညီ ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက်ကန်သွင်းမှုမှာ အသာရယူကစားနိုင်ခဲ့ပါတယ်။ ဒီပွဲအတွက် ပထမ ဂိုးကိုတော့ အိမ်ရှင်အသင်းက တိုက်စစ်မှူး မိုဟာမက် ဆာလက်က ပွဲချိန် ၆၅ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၈၆ မိနစ်မှာ ၀ီလီယံက သွင်းယူခဲ့တာဖြစ်ပါတယ်။ မနေ့က အစောပိုင်းယှဉ်ပြိုင်ခဲ့ကြတဲ့ စပါးအသင်းနဲ့ ၀က်စ်ဘရွန်းအသင်းတို့ ပွဲစဉ်မှာလည်း ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ ချဲလ်ဆီးအသင်းက ၁၃ ပွဲကစား ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၃၊ စပါးအသင်းကတော့ ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၄၊ လီဗာပူးအသင်းက ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၅ မှာ အသီးသီးရပ်တည်နေပါတယ်။
3 years Ago

October 1, 2017

ပရီးမီးယားလိဂ် မန်စီးတီး ၁-၀ ချဲလ်ဆီး (ရုပ်သံဟိုက်လိုက်)

စနေနေ့ညက ယှဉ်ပြိုင်သွားတဲ့ နာမည်ကြီး နှစ်သင်းတွေ့ဆုံတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးက ချဲလ်ဆီးကို ၁ ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။ ဒီပွဲမှာ မန်စီးတီးက အဓိက အားထားရတဲ့ တိုက်စစ်မှူး အဂွီရို ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရထားလို့ မပါဝင်နိုင်ပေမယ့်လည်း တဖက် ဂိုးပေါက်ကို ခြိမ်းခြောက်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ မန်စီးတီးကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။ စီးတီးအတွက် အနိုင်ဂိုးကို ၆၇ မိနစ်မှာ ဒီဘရိုင်းက သွင်းယူပါတယ်။ ချဲလ်ဆီးက ဒီပွဲမှာ ဂိုးသွင်းခွင့် အခွင့်အရေး အကြိမ်ရေ နည်းပေမယ့်လည်း အသုံးမချ နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ မန်စီးတီးက စိတ်ကြိုက် ဖိအားပေး ကစားသွားနိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် စီးတီးအသင်းမှ ဒီဘရိုင်းက ရရှိသွားပါတယ်။ မန်စီးတီးကတော့ ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက် အနိုင်ရတာ ဖြစ်ပါတယ်။ နိုင်ပွဲဆက်တဲ့ မန်စီးတီးက အမှတ်ပေးဇယားမှာ ၁၉ မှတ်နဲ့ ဦးဆောင်နေပြီး ချဲလ်ဆီးကတော့ ၁၃ မှတ်နဲ့ အဆင့် ၄ ကို လျောကျသွားပါတယ်။
4 years Ago
Up