ချဲလ်ဆီး ၃-၁ ဆန်းဒါးလန်း၊ မန်ယူ ၁-၂ နော့ဝစ် (ရုပ်သံဟိုက်လိုက်)

December 20, 2015

ချဲလ်ဆီး ၃-၁ ဆန်းဒါးလန်း၊ မန်ယူ ၁-၂ နော့ဝစ် (ရုပ်သံဟိုက်လိုက်)

ဒီဇင်ဘာ ၁၉ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ နည်းပြ မော်ရင်ဟိုအထုတ်ခံထားရတဲ့ ချဲလ်ဆီးအသင်းက ဆန်းဒါးလန်းအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ချဲလ်ဆီးအသင်းအတွက် ပထမဂိုးကိုတော့ ပွဲစပြီး ၅ မိနစ်မှာ ထောင့်ကန်ဘောကတဆင့် အီဗန်နိုဗစ်က ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယဂိုးကိုတော့ ပွဲချိန် ၁၃ မိနစ်မှာ ညာခြမ်းက အီဗန်နိုဗစ် ဂိုးရှေ့ဖြတ်တင်ပေးတဲ့ဘောလုံးကို ပီဒရိုက သွင်းယူခဲ့တာဖြစ်ပါတယ်။ တတိယ ဂိုးကိုတော့ ဒုတိယပိုင်း ပွဲချိန် မိနစ် ၅၀ မှာ အော်စကာက ပင်နယ်တီကတဆင့် သွင်းယူခဲ့ပါတယ်။ ဆန်းဒါးလန်းအသင်းအတွက် တလုံးတည်းသော ချေပဂိုးကို ပွဲချိန် ၅၃ မိနစ်မှာ ဘိုရီနီက သွင်းယူခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီပွဲအနိုင်ကြောင့် ၁၇ ပွဲကစား ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည်နေပြီး ဆန်းဒါးလန်းအသင်းကတော့ ၁၇ ပွဲကစား ရမှတ် ၁၂ မှတ်နဲ့ တန်းဆင်းဇုန်းထဲ ကျရောက်နေပါတယ်။ တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက အိမ်ကွင်းမှာ နော့ဝစ်အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ နော့ဝစ်အသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၃၈ မိနစ်နဲ့ ၅၄ မိနစ်တွေမှာ ဂျရိုးမီနဲ့ တက်တီတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်ယူအသွင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၆၆ မိနစ်မှာ မာရှယ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်ယူဟာ ဒီပွဲအရှုံးကြောင့် အမှတ်ပေးဇယား အဆင့် ၄ ကနေ ၅ ကို ဆင်းပေးလိုက်ရပြီး နော့ဝစ်အသင်းကတော့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။
6 years Ago
Up