ချဲလ်ဆီး ခေါ်ယူမည်

February 3, 2017

နွေရာသီ အပြောင်းအရွှေ့တွင် ကစားသမား ၃ ဦးအထိ ချဲလ်ဆီး ခေါ်ယူမည်

ချဲလ်ဆီးနည်းပြ ကွန်တီဟာ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားတဦးမှ ခေါ်ယူခြင်းမရှိခဲ့ပေမယ့် လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာတော့ ကစားသမား ၃ ဦးထိ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဆောက်သမ်တန်အသင်းက ဗန်ဒီဂျစ်၊ ရီးရဲယ်တိုက်စစ်မှူး အဲလ်ဗာရိုမိုရာတာနဲ့ ဆဲလ်တစ်တိုက်စစ်မှူး ဒမ်ဘီလီတို့ကို ခေါ်ယူဖို့ရှိတယ်လို့ နည်းပြကွန်တီက ဆိုလိုက်ပါတယ်။ လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းအနေနဲ့ အော်စကာ၊ အိုင်ဗန်နိုဗစ်၊ မီခေးလ်အစရှိတဲ့ ကစားသမားတွေ ရောင်းထုတ်အပြီးမှာ တော့ကစားသမားသစ်တွေ ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။ ချဲလ်ဆီးအသင်းဟာ ဗန်ဒီဂျစ်ကို အဓိကနောက်ခံလူ နေရာအတွက် ရာသီအကုန်မှာ အရခေါ်ယူလိုနေပြီးတော့ တိုက်စစ်မှူး ဒီယေဂိုကော်စတာရဲ့ အနာဂတ်ဟာလည်း မတည်ငြိမ်တဲ့အတွက် ရီးရဲလ်တိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့ရှိနေတာပါ။ ဘတ်ရှူရာရီရဲ့ခြေစွမ်းဟာလည်း တည်ငြိမ်မှုမရှိသေးတာကြောင့် ဆဲလ်တစ်မှာခြေစွမ်းပြနေတဲ့ မိုဆာဒမ်ဘီလီကို ခေါ်ယူလိုနေတာလည်း ဖြစ်ပါတယ်။
4 years Ago
Up