ချဲလ်ဆီး - အဲဗာတန်

January 17, 2016

ချဲလ်ဆီး ၃ - ၃ အဲဗာတန် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ ချဲလ်ဆီးကနေ နောက်ကနေ လိုက်ကစားခဲ့ရပြီး အဲဗာတန်နဲ့ ၃ ဂိုးစီ သရေကျ သွားပါတယ်။ အဲဗာတန်အတွက် ဦးဆောင်ဂိုး မိနစ် ၅၀မှာ ချဲလ်ဆီး နောက်ခံလူ တယ်ရီ ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။ ဒုတိယဂိုးကို နောက်ထပ် ၆ မိနစ်မှာ မီရယ်လက်စ်က သွင်းယူပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအသင်း နောက်တန်းအမှား အယွင်း များခဲ့ပါတယ်။ ပထမ ချေပဂိုးကို တိုက်စစ်မှူး ကော်စတာက ၆၄ မိနစ်မှာ သွင်းယူပြီး ဒုတိယဂိုးကို ၆၆ မိနစ်မှာ ဖာဘရီဂတ်စ်က သွင်းယူပါတယ်။ ဒီပွဲမှာ ဖာဘရီဂတ်စ် ခြေစွမ်းပြ နိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်းခံ ခဲ့ရပါတယ်။မိနစ် ၉၀မှာ အဲဗတန်အတွက် တတိယဂိုးကို မိုရီက သွင်းယူပြီး အချိန်ပို ၉၈ မိနစ်မှာ တယ်ရီက ချေပဂိုးသွင်းယူပြီး သရေတမှတ်စီ ခွဲယူ လိုက်ရပါတယ်။ ဒီပွဲသရေကျလို့ အဲဗာတန်က ၂၉ မှတ်နဲ့ အဆင့် ၁၁၊ ချဲလ်ဆီးက ၂၅ မှတ်နဲ့ အဆင့် ၁၄ မှာ အသီးသီး ရပ်တည်နေပါတယ်။
6 years Ago
Up