အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က စွဲချက်တင်လိုက်ပါတယ်။
မေ ၂ ရက်က ဒီ ၂ သင်းကစားတဲ့ ပွဲစဉ်မှာ ကစားသမားနဲ့ ကလပ်တာဝန်ရှိသူတွေကို မထိန်းချုပ်နိုင်တဲ့အတွက် စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။
၂ ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ အ၀ါကတ် ၁၂ ကတ်အထိ ပြသခဲ့ရသလို ရုန်းရင်းဆန်ခတ်လည်း ၂ ကြိမ်အထိ ဖြစ်ပွားခဲ့ပါတယ်။
စပါးအလယ်တန်း ကစားသမား ဒမ်ဘီလီကိုလည်း အကြမ်းဖက် အပြုအမူအတွက် စွဲဆိုလိုက်ပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူး ဒီယေဂို ကော်စတာရဲ့ မျက်လုံးကို လက်နဲ့ထိုးဖောက်ဖို့ ကြိုးစားတဲ့ ဒမ်ဘီလီရဲ့ အပြုအမူက ပိုမိုဆိုးဝါးတယ်လို့ အက်ဖ်အေက ပြောပါတယ်။
ဒမ်ဘီလီကတော့ မေ ၅ ရက်အထိ အယူခံဝင်ဖို့ အချိန်ရှိသလို ချဲလ်ဆီးနဲ့ စပါးတို့ကလည်း မေ ၉ ရက်အထိ အချိန်ရှိနေပါတယ်။
5 years Ago