ချဲလ်ဆီးနှင့်အာဆင်နယ် ဂိုးမရှိ သရေကျ

September 18, 2017

ချဲလ်ဆီးနှင့်အာဆင်နယ် ဂိုးမရှိ သရေကျ (ရုပ်သံ)

မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှာ နာမည်ကြီးတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ဂိုးမရှိ သရေကျသွားပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့တပတ် လီဗာပူးနဲ့ပွဲတုန်းက ၄ ဂိုးပြတ်နဲ့ ရှုံးပေမယ့်လည်း ဒီပွဲမှာတော့ အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး အဓိက ကစားသမားတွေနဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပြီး အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအတွက်တော့ နည်းပြ ကွန်တီရဲ့လက်အောက် ၂၇ ပွဲမြောက် အိမ်ကွင်းမှာ ဂိုးမသွင်းနိုင်တဲ့ပွဲအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ချဲလ်ဆီးတိုက်စစ်မှူး ပက်ဒရို အကောင်းဆုံး အခွင့်အရေး ရပေမယ့် အာဆင်နယ် ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ၈၇ မိနစ်မှာ ချဲလ်ဆီးနောက်တန်းကစားသမား ဒေးဗစ်လုစ် ကစားတာကြမ်းလို့ တိုက်ရိုက် အနီကတ်နဲ့ အထုတ်ခံရပြီး သရေရလဒ်နဲ့ အဆုံးသတ်သွားပါတယ်။ ဒီပွဲသရေကျလို့ ချဲလ်ဆီးက ၁၀ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပြီး အာဆင်နယ်ကတော့ ၇ မှတ်နဲ့ အဆင့် ၁၂ မှာ ရှိနေပါတယ်။
4 years Ago
Up