ချဲလ်ဆီးနှင့်မန်စီးတီး နိုင်ပွဲရခဲ့သည့် အက်ဖ်အေဖလား

January 29, 2018

ချဲလ်ဆီးနှင့်မန်စီးတီး နိုင်ပွဲရခဲ့သည့် အက်ဖ်အေဖလား (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွေမှာ အသင်းကြီး ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီးတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြပြီး နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့ကြပါတယ်။
ချယ်လ်ဆီးကတော့ နယူးကာဆယ်ကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာပါ။ အိမ်ကွင်းမှာ ချဲလ်ဆီးက နယူးကာဆယ်အသင်းကို အဓိက ကစားသမားတွေနဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားခဲ့ပြီး တဖက်သတ် ဘောလုံးအသာစီးယူ ကစားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကိုတော့ ဘတ်ရှူးအာယီက ၂ ဂိုးနဲ့ အလွန်ဆိုက ၁ ဂိုး သွင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးကလည်း ကာဒစ်စီးတီးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ကာဒစ်စီးတီးရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး မန်စီးတီးအတွက် အနိုင်ဂိုးတွေကိုတော့ ဒီဘရိုင်းနဲ့ စတာလင်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အက်ဖ်အေဖလားမှာ အသင်းကြီးတွေထဲက ချဲလ်ဆီး၊ မန်စီးတီး၊ မန်ယူတို့ နောက်တဆင့် တက်ရောက်သွားခဲ့ပေမယ့် အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ကတော့ ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ အက်ဖ်အေဖလားပြိုင်ပွဲ ပွဲစဉ်တွေ မဲခွဲမှုတွေကိုတော့ ဇန်နဝါရီ ၃၀ ရက် ပြုလုပ်မှာဖြစ်ပါတယ်။
4 years Ago
Up