ချဲလ်ဆီးနှင့်ပွဲမှ ဖြစ်ရပ်အတွက် မန်ယူကို အက်ဖ်အေ စွဲချက်တင်

March 16, 2017

ချဲလ်ဆီးနှင့်ပွဲမှ ဖြစ်ရပ်အတွက် မန်ယူကို အက်ဖ်အေ စွဲချက်တင်

ပြီးခဲ့တဲ့ မတ် ၁၃ ရက်ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်ယူတို့ရဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေအတွက် မန်ယူအသင်းကို  အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က စွဲချက်တင်လိုက်ပါတယ်။ ကွင်းလယ်လူ ဟာရဲရား ထုတ်ပယ်ခံရချိန် ဒိုင်လူကြီးကို မန်ယူကစားသမားတွေ စောဒကတက်ခဲ့ကြောင်း၊ ဒီအတွက် သူတို့ရဲ့ကစားသမားတွေကို ထိန်းသိမ်းဖို့ ပျက်ကွက်မှုအတွက် အက်ဖ်အေက မန်ယူကို စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ မတ် ၁၇ ရက်နေ့ ညနေ ၆ နာရီ မတိုင်မီ ဒီစွဲချက်ကို ဖြေရှင်းခွင့်ရှိကြောင်း အက်ဖ်အေက ထုတ်ပြန်ပါတယ်။ အဲဒီပွဲရဲ့ ပွဲချိန် ၃၅ မိနစ်မှာ ချဲလ်ဆီးကွင်းလယ်လူ ဟာဇက်ကို ဟာရဲရား ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်အတွက် ဒုတိယအဝါကတ် ပြခံရကာ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတဲ့အတွက် မန်ယူကစားသမားတွေက မကျေမနပ်ဖြစ်ပြီး ဒိုင်လူကြီး မိုက်ကယ်အိုလီဗာကို ဆန့်ကျင်ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
5 years Ago
Up