ချဲလ်ဆီးနှင့် စပါး သရေကျသည့်အတွက် လက်စတာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူး

May 3, 2016

ချဲလ်ဆီးနှင့် စပါး သရေကျသည့်အတွက် လက်စတာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူး (ရုပ်သံဟိုက်လိုက်)

လက်စတာအသင်းရဲ့ ချန်ပီယံဖြစ်ရေး အိပ်မက်ဟာ တကယ်ဖြစ်လာပါပြီ။ အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ချဲလ်ဆီးအသင်းတို့ မေလ ၂ ရက်ညက ယှဉ်ပြိုင်ရာမှာ သရေကျသွားတဲ့အတွက် လက်စတာအသင်း ချန်ပီယံအိပ်မက်ကနေ ဘယ်လိုမှ လွဲချော်စရာအကြောင်း မရှိတော့ပါဘူး။ မေလ ၂ ရက်ည ပွဲမှာ တော့တင်ဟမ်အတွက် ၂ ဂိုးကို ဟယ်ရီကိန်းနဲ့ ဆွန်ဟန်မင်းတို့က သွင်းပေးခဲ့ပြီး ချဲလ်ဆီးအသင်းအတွက် ချေပဂိုးတွေကို ဂယ်ရီ ကာဟေးနဲ့ လူစားဝင်လာတဲ့ ဟာဇတ်တို့က သွင်းပေးခဲ့ပါတယ်။ နောက်ထပ်ကစားဖို့ နှစ်ပွဲကျန်သေးပေမယ့် ဒုတိယနေရာမှာရှိတဲ့ တော့တင်ဟမ်နဲ့ ဇယားထိပ်က လက်စတာတို့ကြားမှာ ၇ မှတ်ကွာတဲ့အတွက် လက်စတာအသင်း ချန်ပီယံဖြစ်ဖို့ သေချာသွားတပါ။ လက်စတာအသင်းအတွက် ပထမဆုံး ပရီမီးယားလိဂ် ချန်ပီယံဖလား ဖြစ်သလို အင်္ဂလန်နဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ အသင်းရဲ့ပရိသတ်တွေက မမေ့နိုင်စရာ ပရီမီးယားလိဂ်အဖြစ်  အောင်ပွဲခံနေကြပါပြီ။
6 years Ago
Up