ချဲလ်ဆီး၊ အာဆင်နယ်နှင့် မန်စီးတီး ၃ သင်းပေါင်း ၁၂ ဂိုးထိ သွင်းယူ (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

April 3, 2016

ချဲလ်ဆီး၊ အာဆင်နယ်နှင့် မန်စီးတီး ၃ သင်းပေါင်း ၁၂ ဂိုးထိ သွင်းယူ (ရုပ်သံဟိုက်လိုက်)

ဧပြီ ၂ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေဖြစ်ကြတဲ့ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတွေ ၃ သင်းပေါင်း ၁၂ ဂိုးအထိ သွင်းယူခဲ့ကြပါတယ်။ ဧပြီ ၂ ရက်ည အစောဆုံးကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အိမ်ရှင် အက်စတွန်ဗီလာအသင်းကို ချဲလ်ဆီးက တဖက်သတ်အသီးစီးရယူပြီး ၄ ဂိုးပြတ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကိုတော့ ၂၆၊ ၄၅နဲ့  မိနစ်တွေမှာ ရူဘန်နဲ့ ပါတို (ပင်နယ်တီ) တို့က ၁ ဂိုးစီသွင်းယူခဲ့ပြီး ပက်ဒရိုကတော့ ၄၆ နဲ့ ၅၉ မိနစ်တွေမှာ ၂ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ အိမ်ကွင်းမှာ ၀က်ဖို့ဒ်အသင်းကို တဖက်သတ် အသာစီးရယူပြီး ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်း ပွဲစစချင်း ၄ မိနစ်မှာ အလက်ဆန်းချက်က ၁ ဂိုးနဲ့ အိုင်ဝိုဘီက ၃၈ မိနစ်မှာ ၁ ဂိုး သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်းကပဲ ဘောလုံးအသာစီးနဲ့ ဆက်လက် ထိုးဖောက်ကစားနိုင်ခဲ့ပြီး ဘယ်လာရင်က ၄၈ မိနစ်မှာ ၁ ဂိုးနဲ့ သီအိုဝေါကော့က မိနစ် ၉၀ မှာ ၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ အဝေးကွင်းမှာ ဘုန်းမောက်အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားပါတယ်။ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးတွေကို ၇၊ ၁၂၊ ၁၉ နဲ့ မိနစ် ၉၀ တွေမှာ ဖာနန်ဒို၊ ကီဗင်ဒီဘရူး၊ အဂူရိုနဲ့ ကိုလာရော့တို့က အသီးသီး သွင်းယူခဲ့ကြတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ ချဲလ်ဆီးက အဆင့် ၁၀၊ အာဆင်နယ်က အဆင့် ၃ နဲ့ မန်စီးတီးက အဆင့် ၄ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up